Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေး​​ဒေသရှိစစ်​ဘေး​ရှောင်စခန်းသွားရာလမ်းများကိုစစ်​ကောင်စီတပ်ကပိတ်ဆို့ထား၍စစ်​ဘေး​ရှောင်​လေး​သောင်း​ကျော်ကူညီ​ရေး အခက်ကြုံ

ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွရွာအပါအဝင် ကျေးရွာ ၁၆ ရွာမှ ဒေသခံ လေးသောင်းငါးထောင်ခန့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟုဒေသခံများကယနေ့(မေ ၂၇ရက်)ပြောကြားသည်။

(ကလေးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားပြီး​နောက်မြင်ကွင်းအချို့။ ။ဓါတ်ပုံ-CJ)

ကလေးဒေသရှိယာယီစစ်ဘေးရှောင်စခန်းသို့ သွားရာ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ စစ်ဘေးရှောင် လေးသောင်းကျော်အတွက် စားနပ်ရိက္ခာသယ်ယူရေး အခက်အခဲကြုံတွေ့နေရသည်။

ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွရွာအပါအဝင် ကျေးရွာ ၁၆ ရွာမှ ဒေသခံ လေးသောင်းငါးထောင်ခန့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟုဒေသခံများကယနေ့(မေ ၂၇ရက်)ပြောကြားသည်။

“ယာယီစစ်ရှောင်စခန်းပတ်ချာလည် လမ်းတွေမှာ သူတို့(စစ်ကောင်စီ)ကပိတ်ပြီးထားတော့ကြံဖန်ပြီးသွားလာနေရတယ်။ သူများက လှူမယ်ဆိုရင်တောင် ပစ္စည်းသယ်ဖို့ တော်တော် အခက်အခဲ ရှိတယ်”ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။

(ကလေးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားပြီး​နောက်မြင်ကွင်းအချို့။ ။ဓါတ်ပုံ-CJ)

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿ
နာဖြစ်လာနိုင်သည်ဟုသိရသည်။

“စစ်ဘေးရှောင်နေရတာက စုစုပေါင်း လေးသောင်းခွဲကျော်ပြီ။ ရွာကို ပြန်ဖို့လည်း မရဲကြတော့ ယာယီစစ်ရှောင်စခန်းမှာ ကျပ်ကျပ်တည်းတည်း နေကြရတယ်” ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။

Public Service Announcement

စစ်ကောင်စီအား ခုခံတော်လှန်စစ်အားကောင်းသည့် ကလေးဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ အထက်ဖော်ပြပါ စစ်ဘေးရှောင် လေးသောင်းငါးထောင်ခန့်သည် ၂၀၂၁ ဒီဇင်ဘာလကစ၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူများဖြစ်သည်။

ယာယီစစ်ဘေးရှောင်စခန်းအများစုတွင် စားဝတ်နေရေး ပြဿနာများ ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု ကာယကံရှင်စစ်ဘေးရှောင်များက ပြောသည်။ မေလဆန်းပိုင်းက ဖြစ်ရပ်တစ်ခုတွင်လေပြင်းဘေးကြုံခဲ့ပြီး စစ်ဘေးရှောင်ကလေးငယ်တစ်ဦးသစ်ကိုင်းပိ၍သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ စားနပ်ရိက္ခာအရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူ အညီများကို ရည်ရွယ်ချက်ရှ်ိရှိ ပိတ်ပင်နေပြီးမြန်မာနိုင်ငံတွင်စစ်တပ်
အာဏာသိမ်းထားသမျှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုံးဝရရှိမှာ မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကထုတ်ဖော်ပြောကြားထားသည်။

မေ၁၉ ရက်ကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး – ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင်သံ အမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿနာဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ် နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်များသည် နံနက် ၆နာရီကျော်မှ ၉နာရီခွဲခန့်အထိ ၂နာရီကြာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီးနောက် ရွာသူရွာသားများက ရွာ၌ရှိသည့် မီးသတ်ကား အသုံးပြုပြီး ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့ခဲ့၍ ရွာတစ်ဝက်ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။