Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGကိုအသိအမှတ်ပြုပြီး စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတိုးမြှင့်ရန် ကန်အစိုးရအဖွဲ့ကို ဝါရင့်အထက်လွှတ်တော်အမတ် တိုက်တွန်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဓါတ်ပုံ- AP

NUG အပါအဝင် အရပ်ဘက်ခေါင်းဆောင်များကို တရားဝင်အသိအမှတ်ပြုပြီး အာဏာသိမ်း စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က သမ္မတဘိုင်ဒင် အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုသည်။

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ဝါရင့်အထက်လွှတ်တော်အမတ်မက်ကောနဲလ်နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့၏ တွေ့ဆုံမှုတွင် အရပ်သားခေါင်းဆောင်မှုကို တရားဝင်အသိအမှတ်ပြုရေး မြှင့်တင်ရန်၊ မြန်မာစစ်တပ်ကိုထောက်ပံ့နေသည့် အမြစ်၊ ပင်စည်၊ အကိုင်းအခက်များကို ပိတ်ဆို့ အရေးယူရန်နှင့် မြန်မာပြည်သူလူထုကို တိုက်ရိုက်အကူအညီပေးရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက် ရန် အချက် ၃ ခုကို အဓိကတောင်းဆို တိုက်တွန်းခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် နှင့်NUG နိုင်ငံခြား​ရေးဝန်ကြီး​ဒေါ်ဇင်မာ​အောင် ဓါတ်ပုံ- မစ်ချ်အက်​ကောနဲလ် တွစ်တာ

အဆိုပါ NUG နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုချက်များကို သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က အ ကောင်အထည်ဖော်ဆောင်ရွက်ရန် ဝါရင့်အထက်လွှတ်တော်အမတ်ကထပ်လောင်းတောင်းဆို ခဲ့သည်။

“မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ရှုပ်ထွေးတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရ အတွက်အဆိုပြုချက်က ရိုးရှင်းပါတယ်။ ဒီမိုကရေစီရရှိရေး စိတ်ပိုင်းဖြတ်ထားတဲ့လူထုကို နောက်ဆုံးမှာ သူတို့ကိုယ်တိုင်နားလည်သဘောပေါက်အောင် ကူညီပေးဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိ လားဆိုတာပါပဲ။ ဒီတောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ဘိုင်ဒင်အစိုးရအဖွဲ့က ဘယ်လိုအစီအမံတွေ ရှိသလဲဆိုတကျွန်တော်ကြားရဖို့ မျှော်လင့်နေပါတယ်” ဟု မစ်ချ်မက်ကောနဲလ်က ​ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအ တိုင်ပင်ခံကောင်စီ(NUCC) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs) ကဲ့သို့သော မြန်မာပြည်သူ လူထုထောက်ခံမှုရှိသော ကိုယ်စားပြုအဖွဲ့များနှင့် တရားဝင်အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေး နွေးရေး၊ ထောက်ပံ့ကူညီရေးအဆင့်များအတွက်ပြင်ဆင်ထားမှုအခြေအနေကိုလည်း သြဇာကြီးမား​​​သော ဝါရင့်အထက်လွှတ် တော်အမတ်က မေးခွန်းထုတ်သည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ထိပ်ပိုင်းကိုသာ အရေးယူပိတ်ဆို့ရုံဖြင့် မလုံလောက်ဘဲ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)အပါအဝင် မြန်မာစစ်တပ်၏ နိုင်ငံခြားကူညီ ပေးသူများနှင့် ပူးပေါင်းမိတ်ဖက်များကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရန် နောက်ဆက်တွဲ ဆောင်ရွက်အစီအစဉ်များကိုလည်း မေးမြန်းခဲ့သည်။

မစ်ချ်မက်ကောနဲလ်သည် နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နှင့်လည်းရင်းနှီးခင်မင်ပြီး ၊မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက် ဆယ်စုနှစ်​ပေါင်းများစွာအား​ပေးကူညီလာသူဖြစ်သည်။ NDAA တွင် မြန်မာ့​နွေဦး​တော်လှန်​ရေးအတွက် ​ဒေါ်လာ သန်း၁၃၀ ​ကျော်ကူညီ​ပေးနိုင်ရန် အဓိကစွမ်း​ဆောင်​ပေးခဲ့​သော ဝါရင့်လွှတ်​တော်အမတ်လည်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

သတင်း

ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွရွာအပါအဝင် ကျေးရွာ ၁၆ ရွာမှ ဒေသခံ လေးသောင်းငါးထောင်ခန့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟုဒေသခံများကယနေ့(မေ ၂၇ရက်)ပြောကြားသည်။

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿနာဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ် နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။