Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို YDFက ပြင်းအားကောင်းသည့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်

အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ဆိုသည်။

(ယနေ့ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ပြင်းအားမြင့် မိုင်းဖြစ်သည်။ဓာတ်ပုံ YDF ထီးလင်း)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြင်းအားကောင်းသည့် မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က ထုတ်ပြန်သည်။

ယနေ့(မေ ၂၈ ရက်)နံနက် ၆နာရီခန့်ကတွင် တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အရ ဆိုင်ကယ်သုံးစီး နှင့် ကားသုံးစီးပါ စစ်ကောင်စီအုပ်စုကို ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု YDF တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ ပြင်ဆင်ပြီး သားမိုင်းတွေပါ။ နောက်လည်း ပြင်ဆင်ထားတာတွေရှိပါသေး တယ်။ဒီနေ့ တိုက်ခိုက်မှုမှာ ရန်သူစစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲပါ”ဟု ၎င်းက People’s Spring သို့ ပြောသည်။

Public Service Announcement

ဖောက်ခွဲခဲ့သည့် ပြင်အားမြင့် မိုင်းသုံးလုံး၏ ပေါက်ကွဲသံမှာ (၁၅) မိုင်ခန့်အထိကျယ်လောင်စွာကြားရကြောင်းလည်း YDF က အသိပေးသည်။

ယနေ့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မေလ ၂၆ ရက်က မြစ်သာတမံဧည့်ရိပ်သာရှိ PDFနှင့်YDFစခန်းများရှိရာသို့ ရဟတ် ယာဉ် ငါးစီးခန့်အသုံးပြုကာ လက်နက် ကြီးလက်နက် ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲလာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုတွင် ရဲဘော် ခုနှစ်ဦးထက်မနည်းကျဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း လေကြောင်းရန် အန္တရာယ်ကို အထူးသတိပြုနေထိုင်ရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ​မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

သတင်း

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

သတင်း

စစ်​ကောင်စီတပ်များ ရွာထဲထပ်မံဝင်​ရောက်လာမည်စိုး၍ ထန်း​တောရွာအပါအဝင် အနီးနားရှိ ​လေးတွင်းစဥ်ရွာမှ ပြည်သူ တ​စ်ထောင်​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရကြောင်း ဒေသခံများက ပြောသည်။