Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ်မှုဖြစ်၊ ဆယ်အိမ်မှူးပါ နှစ်ဦးသေ

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွှေပြည်သာမြို့ သာဓုကန်ထိပ်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ အပါအဝင်မြို့နယ်တွင်း အရပ်ဝတ်များဖြင့်ကင်းလှည့် နေသည်ဟုလည်း အသိပေးသည်။

ရွှေပြည်သာမြို့နယ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးပစ်ခတ်မှုသည် ယနေ့(မေ ၂၈ရက်) နေလယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ် ပစ်ခတ်သံ ၁၅ချက်ထက်မနည်း ကြားခဲ့ရသည်ဟု ​ဒေသခံများက ဆိုသည်။

“သေတာက အုပ်ချုပ်ရေးမှူးရဲ့ ခိုင်းဘက်ဝင်းလှိုင်ရယ်၊ဆယ်အိမ်မှူးသန်းထွန်းရယ်။ပြီးတော့ ရာအိမ်မှူးဝင်းညွှန့်ကလည်း ကျည်ထိတယ် ကြားတယ်”ဟု ရွှေပြည်သာ မြို့နယ်နေသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွှေပြည်သာမြို့ သာဓုကန်ထိပ်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ အပါအဝင်မြို့နယ်တွင်း အရပ်ဝတ်များဖြင့်ကင်းလှည့် နေသည်ဟုလည်း အသိပေးသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ဒလ ၊မြောက်ဒဂုံနှင့် မရမ်းကုန်း မြို့နယ်များရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သတ်နေသည့် အုပ်ချုပ်ရေးမှူးများ၊ဒလန်များ နှင့် ပျူစောထီးများအနေဖြင့် အချိန်မီနှုတ်ထွက် ရန်တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

နိုင်ငံတကာ

တရားခံဟာ အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုသူ ဖြစ်တယ်လို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ပြောပါတယ်။ သူဟာ AR-15 အမျိုးအစား ရိုင်ဖယ် သေနတ်ကို အသုံးပြုပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာလို့လည်း အက်ဘော့တ်က ဆိုပါတယ်။ အသေးစိတ်...

News

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောပုရွာမှပျူစောထီးများသည် ကူတောပလ္လင်ရွာသို့ လာရောက်၍ သေနတ်များပစ်ဖောက်ပြီး ကြိမ်းမောင်းသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

ဗီဒီယို

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။