Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးပြီး ဒီးမော့ဆို PDFထံ ခိုလှုံ

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်သားစောဝေဖြိုးအောင်

လွိုင်ကော်မြို့လုံခြုံရေးအတွက် တာဝန်ယူနေရသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသည် ယနေ့ (မေလ ၂၈ရက်)တွင် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ထံ ခိုလှုံလာကြောင်း ဒီးမော့ဆို PDFက အသိပေးသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ခိုလမ်မြို့ ခလရ(၆၆)တပ်ရင်းမှ တပ်သားစောဝေဖြိုးအောင်သည်ဇန်နဝါရီ ၄ရက်တွင် ကယားပြည်တော် လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်နယ်မြေ လုံခြုံရေးအရရွှေ့ပြောင်း တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး မေလ ၂၅က်တွင် တပ်မှထွက်ပြေးကာ ယနေ့တင် ဒီးမော့ဆို PDF ထံ လာရောက်ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်သား စောဝေဖြိုးအောင်သည် လုပ်သက်(၁၂)တိတိတာဝန်ထမ်းဆောင်ခဲ့သော တပ်သားဖြစ်ပြီး စစ်ကောင်စီတပ်၏ လုပ်ရပ်များကိုမကြိုက်၍ တပ်ကိုစွန့်ကာ ပြည်သူ့ဘက်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောကြားသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာရောက်ခိုလှုံခဲ့သော တပ်သားစောဝေဖြိုးအောင်အား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လိုအပ်သောစစ်ဆေးမေးမြန်းကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဒီးမော့ဆို PDFက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်မှ စွန့်ခွာလိုသောတပ်ဖွဲ့ဝင်များကို ဒီးမော့ဆို PDFက နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်ယူလာပါက ကျပ်သိန်း ၅၀ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ​မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

သတင်း

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

သတင်း

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။