Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်ရှိလမ်းပိုင်းအားလုံးဖြတ်သန်းသွားလာခြင်းမပြုရန် PDFများအသိ​ပေး

ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုများက ပြောသည်။

ဝက်လက်မြို့နယ်ရှိလမ်းပိုင်း
ဝက်လက်မြို့နယ်ရှိလမ်းပိုင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအပါအဝင်လမ်းပိုင်းများအားဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေးအင်အားစုများကအသိပေးသည်။

ယမန်နေ့ (မေလ ၂၈ ရက်) ည ၁၀ နာရီအချိန်မှ စ၍ ဝက်လက်မြို့နယ်အတွင်းစစ်ကိုင်း -ဝက်လက် -ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း)၊ ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်းလမ်း) အစရှိသည့်လမ်းများအပါအဝင် ဝက်လက်မြို့မှ ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်းများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သ​ည်။

ဝက်လက်မြို့နယ်ရှိလမ်းပိုင်း
ဝက်လက်မြို့နယ်ရှိလမ်းပိုင်း

ကုန်တင်ကား၊ခရီးသွားကားများနှင့် အိမ်စီးကားများအားလုံး ဖြတ်သန်းသွားလာခြင်းများလုံးဝမပြုလုပ်ရန်အထူးတိုက်တွန်းနှိုးဆော်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေးသည်။

ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုများက ပြောသည်။

ယမန်နေ့ညက ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ ရဲစခန်းမှ သေနတ်ပစ်ခတ်သံကြားလိုက်ရပြီး အကြမ်းဖက်စစ်တပ်သည် ကျေးရွာအချို့ကို ညပိုင်းအထိ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုကဲ့သို့ တိုက်ခိုက်ရေးအထူးကွန်မန်ဒိုများ ဖွဲ့စည်းခြင်းသည် အာဏာသိမ်းစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော နေပြည်တော်ကို အမြစ်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု အသိပေးသည်။

သတင်း

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၈ ရက်) ညနေ ၄ နာရီခန့်က ဖြစ်ပြီး ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ဆိုင်ကယ်နှင့် ကားပေါ်တွင် စစ်ကောင်စီတပ်သားအင်အား ၄၀ခန့် ပါရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

NSP တပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိအခိုက်မရှိဘဲ မိခင်တပ်ရင်းများသို့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ် ကြောင်း အသိပေးထားသည်။