Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNDF တပ်ရင်း(၅)၏ အမျိုးသမီးအထူးတပ်သားသင်တန်း ရဲမေ ၆၀ကျော် တက်ရောက်

သင်တန်းကာလအတွင်း KNDF သင်တန်းဆရာများက အမျိုးသမီးရဲမေများကို ရှေ့တန်းစစ် မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေး စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်များက ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်း ကြောင်းနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုပါ ဆွေးနွေးပေးခဲ့သည်ဟု အသိပေးသည်။

ဓာတ်ပုံ - KNDF B- 5
ဓာတ်ပုံ - KNDF B- 5

အမျိုးသမီးအထူးတပ်သားသင်တန်းကို ယခုနှစ် မေလအတွင်း ကရင်နီပြည်တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တပ်ရင်း (၅)က ထုတ်ပြန်သည်။

ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ခဲ့သည့် အဆိုပါသင်တန်းတွင် KNDF တပ်ရင်း (၅)မှ အမျိုးသမီးရဲမေ ၆၀ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

သင်တန်းကာလအတွင်း KNDF သင်တန်းဆရာများက အမျိုးသမီးရဲမေများကို ရှေ့တန်းစစ် မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေး စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်များက ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်း ကြောင်းနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုပါ ဆွေးနွေးပေးခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် သင်တန်းတက်ရောက်ခဲ့ကြသည့် အမျိုးသမီးရဲမေများနှင့် KNDF တပ်ရင်း (၅)တွင် အမျိုးသမီးတပ်ခွဲကိုပါ ဖွဲ့စည်းခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် အမျိုးသမီးတပ်ခွဲသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရှိ တပ်ရင်းများအနက် တပ်ရင်း (၅)တွင် ပထမဆုံးဖွဲ့ စည်းလိုက်နိုင်ခြင်းဟု ဖော်ပြသည်။

ကရင်နီပြည်နယ်အတွင်း အမျိုးသားများနှင့်တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ အမျိုးသမီးတပ်ခွဲကို ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

အလားတူ အမျိုးသားများနှင့်တန်းတူ တိုက်ပွဲဝင်နေသည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းမရှိပဲ ပေးအပ်သည့်တာဝန်များကို တန်းတူထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟု KNDF တပ်ရင်း(၅)က ပြောသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ပြည်သူတို့၏ အထောက်အပံ့အကူအညီများစွာလိုအပ်လျှက်ရှိသဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရဲဘော်ကိုနောင်ခမ်းသည် ကလောမြို့ရပ်ကွက် (၁)မှ ဖြစ်ပြီး ၎င်း၏ မိသားစုကို အကြမ်းဖက် စစ်တပ်မှ ယခင်နှစ်လကတည်းကအကြောင်းမဲ့ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။

သတင်း

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။

သတင်း

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

News

စစ်​ကောင်စီက ယခုနှစ်တွင် ငြိမ်းချမ်း​ရေးနှစ်ဟု ​ကြေညာပြီး တိုက်ပွဲမဖြစ်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်​နေပြည်​တော်တွင် တစ်ဖွဲ့ချင်း​​တွေ့ဆုံ​ဆွေး​နွေးပြ​နေချိန်တွင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်အင်အားတိုး၍ စစ်​ကြောင်းထိုးကာ အကြမ်းဖက် ​နေခြင်းဖြစ်သည်။