Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနှင့် မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော်ပြာကျ

ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။)
(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် မြောင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁၂နာရီခွဲခန့်ကစပြီး ကျေးရွာအရှေ့ပိုင်းမှ စ၍ မီးတင်ရှို့ခဲ့ရာ နေအိမ်၈၀ကျော်မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

အနီးနားရှိ ကျေးရွာ ငါးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရ ပြည်သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က နံနက် ၇နာရီခွဲခန့်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍နေအိမ် ၁ဝဝခန့် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကြောင့် မြောင်နယ်နှင့် ခင်ဦးနယ်အသီးသီးရှိ ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မီးရှို့ခံရသည့် ဖြစ်စဥ်များသည် နေရာပေါင်း၂၉၆ ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ ၎င်း၏ နောက်တွင် မကွေး၊ ချင်း၊ ကရင်နီပြည်တို့ အစဥ်လိုက်ရပ်တည်နေသည်။

သတင်း

စစ်​ကောင်စီတပ်များ ရွာထဲထပ်မံဝင်​ရောက်လာမည်စိုး၍ ထန်း​တောရွာအပါအဝင် အနီးနားရှိ ​လေးတွင်းစဥ်ရွာမှ ပြည်သူ တ​စ်ထောင်​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းအဖွဲ့များ တိုက်ပွဲများ​​ဖြစ်ပွားလျက်ရှိရာ မေလ ၂၃ ရက်ကလည်း မင်းတန်းရွာအားမီးရှို့ဖျက်ဆီး၍ ထွက်ခွာလာသ​ည့် စစ်တပ်အားရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့သည်။

News

မေလ၈ ရက်ကလည်း MSPDF နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သေးသည်။