Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာ​တော်တွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်အကြမ်းဖက်၍ ​ဒေသခံများထွက်​ပြေး​နေရ

“စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ”ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်ကရွာအတွင်းဝင်သည်နှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ကျေးရွာနှစ်ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

အရာတော်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည်ယနေ့ (မေလ၂၉ ) မွန်းတည့် ၁၂ နာရီခန့်က ဟင်္သာကျေးရွာနှင့် လိန်လှ‌ကျေးရွာများ အနီးသို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

“စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ”ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement

ရွာခံပြည်သူများက နွားလှည်းများ၊ ဆိုင်ကယ်များ၊ ခြေလျင်အစရှိသဖြင့် ရုတ်တရက် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း၊ လူသားဒိုင်းအဖြစ်တွေ့ရာ ဒေသခံအချို့ကို ဖမ်းဆီးခေါ်လာပြီး လိန်လှရွာသား(၄)ဦး ဖမ်းဆီးခံထားရသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း အရာတော်ပို့စ်က ရေးသားထားသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

“အရာတော်မြောက်အရပ်တွေက ‌လယ်ယာစိုက်ခင်းသမားတွေချည့်ပါ။ အနည်းဆုံးဆန်စပါး မျိူးစေ့ပေါင်းစုံဆုံးရှုံးနိုင်တယ်။ အကုန်လုံးပြေးနေရတယ်”ဟု အရာတော်နယ်ခံတစ်ဦးကပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ကလည်း အရာတော် – ဒီပဲယင်းနယ်စပ်နှင့် အုပ်ရှစ်ကြီး၊ သစ်ချိုကျေးရွာများကို စီးနင်းမီးရှို့ဖျက်ဆီးခဲ့သေးသည်။

အရာတော်မြောက်ပိုင်းနယ်၌ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့်ဒေသခံတော်လှန်ရေးအင်အားစုများထိတွေ့မှုဖြစ်ပွားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်" ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။

သတင်း

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​

သတင်း

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။