Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွေး​ကောက်ခံအရပ်သားအစိုးရ​အောက်တွင်သာ ကာကွယ်​ရေးတာဝန်ထမ်း​ဆောင်မည်ဟုKNDF မူဝါဒ​ကြေညာစာတမ်းတွင်​ဖော်ပြ

“KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူတင်မြှောက်သော အရပ်သားအစိုးရ၏အုပ်ချုပ်မှုအောက်တွင်သာ ကာကွယ် ရေးတာဝန်များထမ်းဆောင်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

ယနေ့(မေ ၃၁ ရက်)တွင် KNDF တည်ထောင်ခြင်းတစ်နှစ်ပြည့်တွင်ထုတ်ပြန်သည့်နိုင်ငံရေးမူဝါဒကြေညာစာတမ်း၌အထက်ပါအတိုင်း ဖော်ပြထားသည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

အလားတူ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ကရင်နီပြည်နယ်သည် ဖက်ဒရယ်ယူနစ်တစ်ခု၊ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့ဝင်တစ်ခုအဖြစ်တန်းတူရည်တူပါဝင်ရမည်ဟုလည်းပါရှိသည်။

ထိုအခြေအနေတွင် KNDFသည် ကရင်နီပြည်နယ်၏ ပြည်နယ်တပ်ဖွဲ့အဖြစ်သော်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ်ထားမည့်အတိုင်း ဖက်ဒရယ်တပ်ဖွဲ့၊ပြည်ထောင်စုတပ်ဖွဲ့တွင် ကရင်နီပြည်နယ်ကို ကိုယ်စားပြု၍ အချိုးကျပါဝင်ပြီး တာဝန်ထမ်းဆောင်မည်ဟုအသိပေးသည်။

“KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

KNDF သည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး၊ကိုယ်ပိုင်းပြ ဌာန်းခွင့်ရှိသောပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည်နယ်ကို ဖော်ဆောင်သွားမည်ဟုလည်း ၎င်းက အသိပေးသည်။

KNDF၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန်ဆက်လက်ကြိုးစားရမည်ဖြစ်ပြီး တပ်ပိုင်း ဆိုင်ရာ ဓာတ်ဓာတ်ရေးရာ၊တိုက်ပွဲနှင့် နယ်မြေ ထိန်စချုပ်မှုများအတွက်အစွမ်းကုန်ဆက်လက်ကြိုးပမ်းရဦးမည်ဟုလည်းပါရှိသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ရင်ဆိုင်ရန် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပြီး နောက် ယမန်နှစ် မေလ ပထမပတ်တွင် Karenni state Army အမည်ဖြင့် တပ်ရင်း ၄ ခုဖွဲ့စည်းခဲ့သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်တွင် တိုက်ပွဲများစတင်ခဲ့ပြီးနောက် လက်နက်ကိုင်အစုအဖွဲ့များစွာထွက်ပေါ်လာခဲ့သည့်အတွက် အမိန့်ပေးမှု ဗျူဟာ အခက်အခဲများစွာကြုံတွေ့ခဲ့၍ KSAအပါအဝင်အခြားသောအစုအဖွဲ့များစုပေါင်းကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟုအမည်ရွေးချယ်ကာ ယမန်နှစ် မေ ၃၁ ရက် တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ၏ နိုင်ငံရေးလမ်းညွှန်မှုခံယူသည့်တပ်ဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

သတင်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။

သတင်း

သင်တန်းကာလအတွင်း KNDF သင်တန်းဆရာများက အမျိုးသမီးရဲမေများကို ရှေ့တန်းစစ် မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေး စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်များက ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်း ကြောင်းနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုပါ ဆွေးနွေးပေးခဲ့သည်ဟု အသိပေးသည်။

သတင်း

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။