Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထောက်ပို့တဲများကို စစ်​ကောင်စီတပ်ဖြိုးခွဲရန်ချဥ်းကပ်လာစဥ်တိုက်မိုင်းအသုံးပြု​ဖောက်ခွဲ၍ ​အောင်မြင်စွာဆုတ်ခွာဟုPDF(က​လေး)​ပြော

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

အင်အား ၁၅၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက PDF(ကလေး) တပ်ရင်း-၂၏ ​ထောက်ပို့တဲများကို ဖြိုခွင်းရန်ကြိုးစားခဲ့သောကြောင့် တိုက်မိုင်းသုံး တိုက်ခိုက်ခဲ့ပြီး လူသူလက်နက် ဆုံးရှုံးခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF
(ကလေး)က သတင်းထုတ်ပြန်သည်။

တိုက်မိုင်းသည် ပေါက်ကွဲအားပြင်းထန်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၅ဦးခန့် ထိခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်သည့် ယမန့်နေ့( မေ ၂၉ ရက်)တွင် PDF(ကလေး)တပ်ရင်း ၂ ၏ ထောက်ပို့တဲသုံးလုံးနှင့် ထောက်ကြန့်ရွာသစ်ကျေးရွာမှာ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆသည်။

“PDF-Kalay ( B02 )၊ CDF – KKG၊ ပ.က.ဖ နှင့် ရွာခံများပူးပေါင်းကာ မီးငြိမ်းပေးခဲ့ပါတယ်”ဟုPDF(ကလေး)တပ်ရင်း-၂ က တာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်၏ထိုးစစ်ကို ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသလို လက်နက်ခဲယမ်း ဆုံးရှုံးခြင်းလည်းမရှိဟုလည်း သိရသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

စခန်းပြောင်းရွှေ့ရခြင်းကြောင်း ရဲဘော်များကို အကူအညီပေးရန်လည်း PDF(ကလေး)တပ်ရင်း-၂ က မေတ္တာရပ်ခံထားသည်။

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် ဝါဒဖြန့်မီဒီယာများက PDF(ကလေး) တပ်ရင်း ၂ နှင့် တပ်ရင်း ၆ စခန်းများကို သိမ်းဆီးရပြီး PDF နှစ်ဦးသေဆုံးသည်ဟု ဆိုထားသည်။ AK သေနတ်တစ်လက်နှင့် စိန်ပြောင်း ၄လက်ရရှိခဲ့သည်ဟုစစ်​ကောင်စီကဝါဒဖြန့်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မတ္တရာဒေသခံတစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး - မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခု တိုက်ခိုက်ခံရသည်ဟု ပြောသည်။

သတင်း

"ခရိုနီအသိုင်းအဝိုင်းနဲ့ တော်တော်နီးနီးစပ်စပ်ရှိတယ်။ ပစ္စတိုခါးကြားထိုးပြီး သွားလာနေတဲ့သူတွေ အဲဒီ့ဆိုင်မှာရှိတယ်။ ပျူစောထီးတွေ။ "ဟု ၎င်းက ပြောသည်။

သတင်း

"ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ"ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။