Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်သို့အသစ်ရောက်လာ​သောစစ်​ကောင်စီတပ်ရင်းတစ်ခု စစ်တပ်နှင့်ဆက်နွှယ်​သော​ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များတွင်တပ်​​ဖျောက်ထားဟု​ဒေသခံများ​ပြော

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)
(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)

တပ်အပြောင်းအလဲ ပြုလုပ်ပြီးဖားကန့်သို့ အသစ်ရောက်ရှိလာသော စစ်ကောင်စီတပ်ရင်းတစ်ခုသည် စစ်ကောင်စီနှင့်ဆက်နွှယ်​နေ​သော ကျောက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်များထဲတွင် တပ်ဖျောက်ထား​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုသည် ဖားကန့်ဒေသသို့ မေ လ ၂၇ရက်က ရောက်ရှိလာခဲ့ပြီး အဆိုပါတပ်ရင်း ရှိရာနေရာကို ဒေသခံများက စုံစမ်းသိရှိခဲ့ခြင်းဖြစ်သည်။

“ပျောက်နေတဲ့စစ်ကြောင်းက ကုမ္မဏီထဲတွေ ဝင်ခိုနေတာ။မြန်မာတကောင်းတို့၊ တစ်သုံးလုံးတို့ သူတို့နဲ့ ပါတနာဖြစ်တဲ့ ကုမ္မဏီထဲတွေမှာ တပ်ဖျောက်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

“ညအချိန်ဆိုမြို့ပေါ်ရောမှော်ထဲရော ကင်းပုန်းဝပ်တာတွေလုပ်နေတယ်။ မှော်ထဲသွားရင်သတိနဲ့သွားလာကြပါ”ဟုဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေသူတစ်ဦးကပြောသည်။

ဖားကန့်တွင်လတ်တလောစစ်ရေးအခြေအ​နေငြိမ်သက်နေပြီးမေလ ၂၃ ရက်နေ့ကတိုက်ပွဲတွင်KIA-ကချင်လွတ်​မြောက်​ရေးတပ်မ​တော် နှင့်ပြည်သူကာကွယ်ရေးတပ်-PDFတို့ပူးပေါင်းတပ်က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA - ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of...

သတင်း

ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး​ တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။

သတင်း

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံး၀မပြုဟု UWSAက ယခင် ပြောဆိုချက်အတိုင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာမှလွဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီကို အသိပေးသည်။

သတင်း

"လောလောဆယ် လုယူခဲ့တဲ့နေရာကို လုံခြုံရေးအရ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ဒီကောင်က မူးပြီး ကင်းတဲ မှောက်နေတဲ့အချိန်ရရှိခဲ့တာ"ဟု MC – KC DF တာဝန်ရှိသူက People's Springသို့ ပြောသည်။