Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရန် NUG စစ်သည်တော်ကျင့်ဝတ်၌ တားမြစ်ထား

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက ရှိခဲ့ပြီးဖြစ်ရာ ပြည်သူ လူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန်လည်း NUGက နှိုးဆော်သည်။

(ယ​နေ့ ဘားလမ်းမှတ်တိုင်၌ ​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယ​နေ့ ဘားလမ်းမှတ်တိုင်၌ ​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်သည်ကျင့်ဝတ်တွင် အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရန်တားမြစ်ထားပြီး စစ်အာဏာ ရှင်စနစ်၏ ယန္တရားများကိုသာချေမှုန်းရမည်ဟု ပြဌာန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန် သည်။

ရန်ကုန်မြို့ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာတွင် ယနေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲရာ အရပ်သားပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများရှိခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ အဆိုပါအကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း(Code of Conduct)ကို စနစ်တကျ ထားရှိပို့ချထားရုံသာမက လိုက်နာရန် ပျက်ကွက်မှုများရှိပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ထို့အပြင် NUG သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များအား တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

သမိုင်းကြောင်းတလျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူခဲ့၊ပြုမူလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည့် အစွန်းရောက်လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက ရှိခဲ့ပြီးဖြစ်ရာ ပြည်သူ လူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန်လည်း NUGက နှိုးဆော်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်ကုန်မြို့ဘားလမ်းမှတ်တိုင် ဗုံးခွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်ဗျူဟာဖြစ်သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည်။

သတင်း

“မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက်နေသူများဖြစ်ပြီး ဓမ္မသမားများဖြစ်ကြပါတယ်။ ဓမ္မသားများ ပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင် ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

သတင်း

မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။