Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတောင်မြောက်ပိုင်း(အထူးဒေသ) Non CDM တွေကို သတိပေးစာထုတ်

သံတောင်မြောက်ပိုင်း(အထူးဒေသ)နယ်မြေအတွင်းမှာ ဘယ် Non CDM ဝန်ထမ်းတွေမဆို ရပ်တည်နေထိုင်ခွင့်ပြုမှာမဟုတ်ပဲ ဒီကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ Non CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူရဲ့တာဝန်သာဖြစ်တယ်လို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

သံတောင်မြောက်ပိုင်း(အထူးဒေသ) နယ်မြေအတွင်းမှာရှိတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သတ်ဖြတ် လုယက်မီးရှို့နေတဲ့ စစ်ကောင်စီယန္တရားပြန်လည်လည်ပတ်ရေးမှာ ပါဝင်ပတ်သက်လုပ်ဆောင်ခြင်းမပြုကြဖို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မေလ ၃၁ ရက်ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

သံတောင်မြောက်ပိုင်း(အထူးဒေသ)နယ်မြေအတွင်းမှာ ဘယ် Non CDM ဝန်ထမ်းတွေမဆို ရပ်တည်နေထိုင်ခွင့်ပြုမှာမဟုတ်ပဲ ဒီကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ Non CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူရဲ့တာဝန်သာဖြစ်တယ်လို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

Non CDM သတိပေးစာ
Non CDM သတိပေးစာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)အပါအဝင် မြန်မာနိုင်ငံအဝှမ်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ CDM ပြုလုပ်မှုကြောင့် စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား အင်အားချိနဲ့စေဖို့ အဟန့်အတား ပြုလုပ်တားနိုင်ဆဲကာလဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ထောက်တိုင်တွေဖြစ်တဲ့ Non CDM လခစား ဌာနဆိုင်ရာဝန်ထမ်းအချို့ကို အသုံးပြုပြီး စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် စာသင်ကျောင်းတွေဖွင့်လှစ်စေတာ၊ ကျောင်းသားကျောင်းသူတွေ ပြန်လည်ကျောင်းအပ်နှံစေတာတွေကို အဓမ္မဖိအားပေး ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီအတွက် သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ် အခုလို အသိပေးကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်တွင်ပါ ပြောက်ကျားတိုက်ခိုက်နေသည့် မုံရွာမြို့နယ်တွင်ယခင်ရက်ပိုင်းက အင်တာနက်နှင့်ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့သေးသည်။

သတင်း

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သတင်း

လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။

နိုင်ငံတကာ

မလိုလားအပ်ဘဲ နောက်ထပ် ကူးစက်ရောဂါဆိုးကြီးတစ်ခု တွင်ကျယ်လာဦးမယ်ဆိုရင် လူတွေလည်း ဒုက္ခရောက်ကြမှာ ဖြစ်သလို ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချကြရလိမ့်မယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့က ဗိုင်းရပ်စ်ဆိုင်ရာ ရောဂါများဌာနရဲ့ ပရော်ဖက်ဆာ အစ္စဘဲလား အက္ကာလီက ပြောပါတယ်။