Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)ကနေထွက်လာသော စစ်ကောင်စီယာဥ်တန်း ကျောမြို့တွင်ရပ်နားနေ၊ သံချပ် ကာ ကားနှစ်စီးလည်းပါဝင်

စစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။

မုံရွာ(နမခ)ကနေထွက်လာသော စစ်ကောင်စီယာဥ်တန်း ကျောမြို့တွင်ရပ်နားနေ၊ သံချပ် ကာ ကားနှစ်စီးလည်းပါဝင်
ချင်း​ပြည်နယ်သို့သွား​နေ​သောစစ်​ကောင်စီယာဥ်တန်း (ပုံအ​ဟောင်းဖြစ်ပါသည်)

မုံရွာ(နမခ)ကနေထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းသည် ယနေ့(ဇွန် ၁)နံနက်ပိုင်းအထိ ကျောမြို့(ကပစ)တွင် ရှိနေသေးကြောင်း ယောဒေသသတင်းများတင်ဆက်ပေးနေသော လူငယ်အဖွဲ့မှ ကိုရောင်နီက ပြောသည်။

အဆိုပါစစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။

မေလနောက်ဆုံးပတ်တွင် မုံရွာ(နမခ)မှ ထွက်လာသော စစ်ယာဥ်တန်းသည် မေ ၃၀ တွင် နဂါးမတောင်အလွန် မိုင်တိုင် (၅၅)နှင့် (၅၇)တွင် ညအိပ်ရပ်နားပြီး ကျော(ကပစ)သို့ ယမန်နေ့(မေ ၃၁)ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့(ဇွန် ၁)နံနက် ၁၀ နာရီခန့်အထိ အဆိုပါစစ်ကောင်စီယာဥ်တန်းမှာ တစ်စုံတစ်ရာလှုပ်ရှားမှုမတွေ့ရသေးဘဲ ကျော(ကပစ)၌ပင် ဆက်ရှိနေပြီး ကျောမှ ထွက်လာမှသာ မည်သည့်ဒေသသို့ ဦးတည်မည်ကို မှန်းဆနိုင်မည်ဟု ကိုရောင်နီက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မည်သည့်ဒေသ၌မဆို ၎င်းတို့စစ်ကြောင်း ဖြတ်သန်းသွားရာဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် မထင်လျင်မထင်သလို သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ယာဥ်ထိန်းရဲကင်းတွင် ယနေ့ (ဇွန်လ ၁) နံနက်ပိုင်း၌ တော်လှန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ၍ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ လူငယ်များက “လုံး၀ အုပ်ချုပ်ခွင့်မရစေရ” ဆိုသည့် စာသားပါ ဘန်နာကို ချိတ်ဆွဲခဲ့ပြီး ပြည်သူများ သွေးမအေးစေရန် တော်လှန်ရေးနှင့် သက်ဆိုင်သည့် နှိုးဆော်စာများကိုလည်း...

သတင်း

ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

သတင်း

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

သတင်း

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။