Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ

ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
​ကြေညာချက် အတု

ဗုံး​ပေါက်ကွဲမှုနှင့်ပတ်သပ်၍ Myanmar Witness စုံစမ်းစစ်​ဆေး၊ သက်​သေများ​ယုံကြည်စွာပေးပို့နိုင်​ကြောင်းနှိုးဆော်

စာအတု​၏ပုံအရည်အ​သွေးမှာ174.9KB အထိရှိ​နေပြီး ဖေစ်ဘွခ်တွင်စတင်ခြင်းမဟုတ်ဘဲ စစ်​တပ်​ထောက်ခံသူများ၏ တယ်လီဂရန်မှစဖြန့်ခဲ့ခြင်းဖြစ်

ရန်ကုန်မြို့၊ ဘားလမ်း ဗုံးခွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ချက်ဟု ထုတ်ပြန် သောကြေညာချက်အတုကို စစ်တပ်ထောက်ခံသူများ၏ ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်အကောင့် များက စတင်ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်ဟု Myanmar Witness က စုံစမ်းဖော်ထုတ်သည်။

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
Myanmar Witness က စာကိုဆန်းစစ်​လေ့လာထားမှု

မေလ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သော ဘားလမ်းဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ Myanmar Witness မှ စုံစမ်းစစ်ဆေးလျှက်ရှိရာ လူမှုကွန်ရက်တွင်ထွက်ပေါ်လာသောကြေညာချက်အတုတွင် မသ င်္ကာဖွယ်ရာများအဖြစ် ဖုန်းနံပတ်ထည့်သွင်းထားခြင်း၊ တောင်းပန်စာတွင် တောင်းဆိုမှုထည့် သွင်းထားခြင်းတို့ကို တွေ့ရှိရသည်ဟုဆိုသည်။

“Myanmar Witness အနေဖြင့် တောင်းပန်စာတစောင်တွင် တောင်းဆိုမူမထည့်သင့်ကြောင်းနှင့် တောင်းပန်စာအတုတွင် တောင်းဆိုမူထည့်ပါက စာအတုလုပ်သူတို့မှ အဆိုပါတောင်းဆိုမှုကို ရည်ရွယ်၍တိုက်ခိုက်လိုခြင်းများဟု ယူဆပါသည်” ဟု Myanmar Witness က ဖော်ပြသည်။

ထို့အပြင်PDFများထုတ်ပြန်သည်ဟုယူဆပါကFacebook ပေါ်တွင် ပျံနှံ့နေသော File ကို Download ဆွဲရာတွင် Quality ( File Size ) လျှော့ခြင်းများဖြစ်ပေါ်စေမည်ဖြစ်သည်။သို့​သော်လည်း စစ်တပ် ထောက်ခံသူများတင်ထားသော တယ်လီဂရမ်မှ ပုံအရည်အသွေးသည် များစွာ​ကောင်းမွန်​နေပြီး 174.9 KB အထိ ရှိနေသည်ကိုတွေ့ရကြောင်း Myanmar Witness က ထုတ်ပြန်သည်။

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
ဖေစ်ဘွခ်​ပေါ်မှ ပုံတွင် ရှိသည့် ပုံအရည်အ​သွေးကိုစစ်​ဆေး ပြသထားမှု

Facebook ပေါ်တွင်ရှိနေသော ပုံများ၏ အရည်အသွေးမှာ 78.1 KB ပတ်ဝန်းကျင်သာရှိရမည်ဖြစ်သည်။ ထို​ကြောင့် Myanmar Witness ၏​တွေ့ရှိချက်အရ စာသည် ​ဖေစ်ဘွခ်တွင်စတင်ပျံ့နှံ့ခြင်းမဟုတ်ဘဲ တယ်လီဂရန်မှစတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

Myanmar Witness သည် အဆိုပါဗုံးပေါက်ကွဲမူနှင့်ပတ်သက်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိရာ မိမိတွင်ရှိသော သက်သေများကို Myanmar Witness

ဘားလမ်းဗုံးခွဲမှု PDF လက်ချက်ဟု စစ်တပ်ထောက်ခံသူများ၏လူမှုကွန်ရက်အကောင့်များကစတင်ဖော်ပြ
စာအတုစတင်ဖြန့်ချီ​​​သော တယ်လီဂရန်မှ ပုံ၏အရည်အ​သွေးကို စစ်​​ဆေးပြသထားမှု

( https://www.facebook.com/MyanmarWitness2021/ )သို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ကြောင်း နှိုးဆော်ထားသည်။ Myanmar Witness သည် မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများကို ကျူးလွန်သူများတာဝန်ခံရ​စေရန် ပုံများ၊ရုပ်သံများ၊အသံဖိုင်များစ​သောအ​ထောက်အထားများအားလုံးကို ခွဲခြမ်း​လေ့လာဆန်းစစ်၍ ခိုင်မာ​သောသက်​သေများစု​ဆောင်း​နေ​သော ​အဖွဲ့နှင့် စာမျက်နှာဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ထရမ့်ဟာ Twitterနဲ့ Facebookတို့လို ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာတွေမှာ အပိတ်ပင် ခံခဲ့ရတဲ့နောက် ကိုယ်ပိုင် လူမှုကွန်ရက်ဖြစ်တဲ့ Gettrကို ဖန်တီးခဲ့တာပါ။ ထရမ့်ရဲ့ လူယုံတော် အဖွဲ့က ဦးဆောင် လည်ပတ်မယ့် Gettrကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တိုးတိုးတိတ်တိတ် ဖွင့်လှစ် အသုံးပြုစေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ ဗလီတစ်ခု ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

News

အာဖဂန် နစ္စတန် နိုင်ငံက ကျောင်းတစ်ကျောင်းနားမှာ ဖြစ်ပွားတဲ့ ဗုံးကွဲမှုကြောင့် သေဆုံးသူ ၆၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။