Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ

အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ပညာရေးမှူးအပါအဝင် စစ်ကောင်စီ၏ ပညာရေးဌာနထောက်တိုင် လောက်ကောင်အမည်ပျက်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း ထီးချိုင့်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ပညာရေးဌာနမှ ပြည်သူ့သစ္စာဖောက် ပညာတက်အသိမဲ့ လောက်ကောင်များသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးအတွက် ယနေ့ အချိန်အထိ အဓိကထောက်တိုင်ပြုမောင်းနှင်နေကြသည်ကို တွေ့ရ၍ ၎င်းဝန်ထမ်းများကို အမည်ပျက်စာရင်း သတ်မှတ်ပြီး နောက်ဆုံးသတိပေးလိုက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ရာတွင် မြို့နယ်ပညာရေးမှူး နှင့် ပညာရေးဌာန ရုံးဝန်ထမ်းနှင့် အရာရှိများ၊ စစ်ကောင်စီ လက်အောက်၌ ဆက်လက် တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ စုစုပေါင်း ၃၅ဦးကို အမည်စာရင်းနှင့်တကွ ဖော်ပြခဲ့သည်။

အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ
အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ

အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။

ယခု ထုတ်ပြန်ချက်ကို ကသာခရိုင် ကွပ်ကဲရေးရုံး၊ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထီးချိုင့်မြို့နယ် PDF တပ်ခွဲ တို့ထံသို့ မိတ္တူပေးပို့ကာ လိုအပ်သလို အရေးယူဆောင်ရက်နိုင်ရန် ဟု ရေးသားအသိပေးထားသည်။

ထီးချိုင့် ပအဖ၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတစ်သိုက်က လုယူ ဖျက်ဆီးလာခဲ့၍ နိုင်ငံသူ နိုင်ငံသားများက ခုခံတော်လှန်ရေး ဆင်နွှဲလာသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီး ယင်းကာလအထိ CDM ဆရာ၊ဆရာမများ သည် အခက်အခဲများ ကြံ့ကြံ့ခံ လျက် တော်လှန်နေကြဆဲ ဖြစ်၍ အထူးလေးစားဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ကျောင်းသားမိဘများ အနေဖြင့် လည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကြားကာလ ပညာရေး ဖော်ဆောင်မှု ဖြစ်သော နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြု၊ စာသင်ကျောင်းအခြေပြု၊ အွန်လိုင်း အခြေပြု သင်ကြားမှုများတွင် CDM ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုတို့နှင့်အတူ ပူးပေါင်းပါဝင်မှုကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကော်မတီသည်ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံနှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တာဝန်ခံနှင့် Board of Director အဖွဲ့သည် Yangon Federal School ၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။

ဆောင်းပါး

လက်ရှိမှာ မြောင်ဒေသရဲ့ ကြားကာလပညာ ရေးအတွက် Myaung Education Network-MEN ကိုတည်ထောင်ထားပြီး အဲဒီကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ CDM ဆရာဆရာမတွေက ပညာသင်ကြားပေးနေတယ်လို့ သူက ရှင်းပြပါတယ်။

သတင်း

မီးရှို့ခြင်း၊ မတရားသတ်ဖြတ်ခြင်းခံနေရသည့် ပြည်သူ့ဘက်မရပ်တည်ဘဲ ပျူ၊ ဒလန်၊ စကစသတင်းပေး မွေးမြူနေသည့်လုပ်ငန်းများကို ရပ်တန်းကရပ်ကြရန် သတိပေးလိုက်ကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။

News

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။