Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္ဘောဒီယားအစိုးရ ဂုဏ်သိက္ခာကျဆင်းနေမှုကို ပြန်လည်အဖက်ဆယ်ရန် မြန်မာစစ်တပ်အပေါ် ချက်ချင်းအရေးယူရမည်ဟု JFM ထုတ်ပြန်

စစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့အကြားကုန်သွယ်​ရေး သဘောတူစာချုပ်များသည် မြန်မာပြည်သူလူထု၏ သဘောဆန္ဒများကို မျက်ကွယ်ပြု သစ္စာဖောက်ရုံသာမက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် အခွန်ဝင်ငွေ တိုးရန် ကူညီပေးနေခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်သည်။

ကမ္ဘောဒီယားအစိုးရ
ကမ္ဘောဒီယားအစိုးရ

ကမ္ဘောဒီယားအစိုးရသည် အာဆီယံဥက္ကဌအဖြစ် ကျဆင်းနေသော ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ရန် မြန်မာစစ်တပ်အပေါ် ခိုင်မာအားကောင်းသည့် အရေးယူဆောင်ရွက်ချက်များ ချက် ချင်းလုပ်ဆောင်ရမည်ဟု Justice For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီယားနှင့် အကြမ်းဖက် မြန်မာစစ်တပ်တို့အကြား ကုန်သွယ်ရေးကိစ္စများ စေ့စပ်ညှိနှိုင်း သဘောတူလိုက်ခြင်းမှာ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ ကူညီသည့်လုပ်ရပ် ဖြစ်၍ အာဆီယံဥက္ကဌဟူသော ဂုဏ်သိက္ခာ ညှိုးနွမ်းပျက်ပြားသွားပြီဟု JFM က သုံးသပ်သည်။

ကမ္ဘောဒီယားအစိုးရ
ကမ္ဘောဒီယားအစိုးရ

“ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားခြင်းစာနာထောက်ထားမှု ဥပဒေတွေကို အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ တရားမဝင်စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာ၊ ကုန်သွယ်ရေး သဘောတူ စာချုပ်တွေအားကောင်းအောင် လုပ်နေတာတွေဟာ စိတ်ပျက်စရာ ကောင်းလှပါတယ်” ဟု JFM က ဆိုသည်။

စစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့အကြားကုန်သွယ်​ရေး သဘောတူစာချုပ်များသည် မြန်မာပြည်သူလူထု၏ သဘောဆန္ဒများကို မျက်ကွယ်ပြု သစ္စာဖောက်ရုံသာမက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် အခွန်ဝင်ငွေ တိုးရန် ကူညီပေးနေခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်သည်။

ထို့အပြင် ကမ္ဘောဒီးယားသည် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်သော ညှိနှိုင်း ဆွေးနွေးမှုများဖြစ်ပေါ်ရေး တောင်းဆိုထားသည့် အာဆီယံဘုံသဘောထားငါးရပ်ကို ချိုးဖောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ဆွေးနွေးတိုင်ပင်ရန် ဆက်လက်ပျက်ကွက်နေဆဲ ဖြစ် သည်ဟု JFM က ထောက်ပြသည်။

ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုကာ စစ် ကောင်စီအပေါ် အာဆီယံ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု မူဘောင်တစ်ခု ချက်ချင်းဖော်ထုတ်ရမည်ဟု JFM ကတောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဗီဒီယို

တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု အာဖဂန် အစိုးရကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြုတ်ချပြီး တစ်နိုင်ငံလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်း တချို့ကို ဆက်တိုက် ပယ်ဖျက်လာပါတယ်။

News

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သင်တန်းပေးရန် အစီအစဉ်သည် ရှေ့ရေးကို ရှေးရှုပြု လုပ်ခြင်းဖြစ်ပြီး ယခင်အစိုးရများ၏ အစီအစဉ်များဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံဒါရိုက်တာ ပြောသည်။

News

အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး နည်းလမ်းရှာဖွေနေပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှု သို့မဟုတ် နောက်ထပ်လုပ်ဆောင်မည်ခြေလှမ်းများကို ကြိုတင်ကြေညာရန်မရှိကြောင်း Ned Price က ပြောသည်။