Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်ဘက်မှ ဒရုန်း၊လက်နက်ကြီးများနှင့်တိုက်ခိုက်၍ (ပကဖ)တစ်ဦး ကျဆုံးကာ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

ကနီမြို့နယ်တိုက်ပွဲ
ကနီမြို့နယ်တိုက်ပွဲ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း KLG PDF(ကျောက်လုံးကြီး)က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂ ရက်) နံနက် ၈နာရီခန့်ကစ၍ တဇယ်ချောင်ရွာမှ ငါးဖျက်ကျေးရွာသို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KLG PDF(ကျောက်လုံးကြီး)အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးသည်ဟု ဆိုသည်။

ထို့နောက် နေ့လယ်၃နာရီတွင်ခန့်တွင် ငါးဖျက်ရွာအနီး KLG PDF(ကျောက်လုံးကြီး)စခန်းဝင်အစီးခံရချိန် KLG PDF(ကျောက်လုံးကြီး)ဦးစီးကာ KLG PDF၊MPDF၊မြန်မာ့တော်ဝန်နဂါးတပ်တော်(ပုလဲ ဗိုလ်နဂါး)၊DBTF၊Spring Gurellia Platoon(နွေဦးပျောက်ကြားတပ်စု)၊Alphaအဖွဲ့၊NRG၊‌ဒေသခံပကဖအဖွဲ့နှင့် ယင်းမာပင် ကနီမဟာမိတ်တပ်ပေါင်းတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။

ကနီမြို့နယ်တိုက်ပွဲ
ကနီမြို့နယ်တိုက်ပွဲ

စစ်ကောင်စီတပ်ဘက်မှ ဒရုန်း၊လက်နက်ကြီးများနှင့်တိုက်ခိုက်၍ (ပကဖ)တစ်ဦး ကျဆုံးကာ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

“အခု ကနီထဲမှာ စစ်ကောင်စီက စစ်ကြောင်း နဗစ်ခုလောက်ထိုးနေတာ။အင်အားက ၃၀၀ ဝန်းကျင်လောက်ရှိတယ်။ဒီနေ့က ကျွန်တော်တို့တပ်ခွဲကို ဝင်စီးတာ။ စခန်းတော့ မီးရှို့ခံလိုက်ရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကောင်စီတပ် ဝင်စီးချိန်တွင် စခန်းအတွင်း ထောင်ထားခဲ့သော မိုင်းများမိခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် အတိအကျမသိရသေးဟု ဆိုသည်။

KLG PDF(ကျောက်လုံးကြီး)စခန်း မီးရှို့ဖျက်စီးသဖြင့် ကျပ်သိန်း(၃၀၀) ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီအဖွဲ့များပြန်သွားချိန်တွင် ညနေပိုင်း၌ ရောင်းချရန် ပြင်ဆင်ထားသည့် လမ်းဘေးသည်များက ဆိုင်များခင်းခဲ့သော်လည်း ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီများ ပြန်လည်ရောက်ရှိလာသည်၍ အနီးရှိလမ်းကြားများထဲသို့ ဝင်ပြေးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

ယခု စစ်ဆင်ရေးအတွင်း ဒရုန်းများထိခိုက်ပျက်စီးမှုရှိသော်လည်း ရဲဘော်များ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

သတင်း

KNLA KNDO ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။