Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသားများ၏လုံခြုံရေး အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝတာဝန်ရှိဟု NUG ထုတ်ပြန်

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

(ဒီပဲယင်းမြို့နယ်တွင် ​ကျောင်းသား၊​ကျောင်းသူများဦး​ဆောင်ကာ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်း ​မေလ၃၁ရက်က ဆန္ဒပြ​နေစဥ်)
(ဒီပဲယင်းမြို့နယ်တွင် ​ကျောင်းသား၊​ကျောင်းသူများဦး​ဆောင်ကာ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်း ​မေလ၃၁ရက်က ဆန္ဒပြ​နေစဥ်)

▪️စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသော ဖြစ်နိုင်ချေကို ပေါ့တန်စွာ မမှတ်ယူအပ်ဟုဆို

အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်သည့်ကျောင်းများကို မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးအတွက် အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝ တာဝန်ရှိကြောင်း NUG က ယနေ့ ထုတ်ပြန်သည်။

စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသော ဖြစ်နိုင်ချေကို ပေါ့တန်စွာ မမှတ်ယူအပ်ကြောင်း NUG လူ့အခွင့်အရေးဆိုင် ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်သည်။

စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့က တိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမည်မဟုတ်ဘဲ ရှုတ်ချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

ထို့အပြင် CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်နှင့် ဘဝများကို ရင်းနှီး၍ ဆက်လက်သပိတ်မှောက်တိုက်ပွဲဝင်နေကြခြင်းနှင့် အဆိုပါ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးတောင်းဆိုချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက မျက်ကွယ်မပြုသင့်ကြောင်း NUG က တိုက်တွန်းသည်။

အပ်ပါ။ ကလေးသူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုသော၊ နိုင်ငံရေး အကျိုးအမြတ်အတွက်အသုံးချရန် ကြိုးပမ်းလျက်ရှိသော အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ ကလေးသူငယ်များ၏ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားပိုင်ခွင့်ကိုအာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံလျက် ဆက်လက်တိုက်ပွဲ ဝင်နေကြသော CDM ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူအပေါင်းတို့ကို ဦးညွှတ် ဂုဏ်ပြုကြောင်း NUG က ကြေညာသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက်များသည် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ စီးပွားရေးကျင့်ဝတ်ကောင်းများ၊ NUG ထုတ်ပြန်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးရန်လို အပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တောင်းဆိုသည်။

သတင်း

ယင်းကျောင်းများအနက် မြစ်သားမြို့နယ်အခြေစိုက် Kaung For You Education တွင် ကျောင်းအပ်သူဦးရေမှာ ၁ နာရီအတွင်း ကျောင်းသားဦးရေတစ်သိန်းကျော်သွားပြီး ကျောင်းမှလက်ခံသင်ကြားပေးနိုင်သည့်ဦးရေထက် အဆမတန်များပြားနေ၍ လက်ခံမည့်ကျောင်းသားများအား စိစစ်ရန်ပင် အခက်အခဲရှိနေကြောင်း K4U က အသိပေးသည်။

သတင်း

KNDF စတင်ထူထောင်ချိန်မှ ယနေ့အထိ တော်လှန်ရေးကာလတစ်လျှောက်လုံး၌ ပါဝင်ခဲ့ကြသည့် ၊ အသက်ပေးလှူခဲ့ကြသည့် စစ်သူများ ပြည်သူများ ပါဝင်ကူညီခဲ့သူများနှင့် အဖွဲ့အစည်းအားလုံးကို လေးစား အရိုသေပြုအပ်သကဲ့သို့ ထာ၀ရ မှတ်ကျောက်တင်ကြောင်း သဝဏ်လွှာပေးပို့သည်။