Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင်ကိုPDF များမိုင်းခွဲ

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။

(စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုတွင် Mytel တာဝါတိုင်အားPDFများကမိုင်းခွဲဖြိုလဲနေစဥ်)
(စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုတွင် Mytel တာဝါတိုင်အားPDFများကမိုင်းခွဲဖြိုလဲနေစဥ်)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင်ကို စစ်ကိုင်းတိုင်းအခြေစိုက် မြောင်CDSOM အဖွဲ့နှင့်ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များက မိုင်းဖောက်ခွဲဖြိုလဲခဲ့သည်။

ဇွန်လ ၁ ရက်နေ့ ည၁၁နာရီခွဲအချိန်က ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းတောင်ရွာရှိ Mytel တာဝါတိုင်အားမန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတင်မကဘဲ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိအဖွဲ့များပါလာရောက်ပူးပေါင်းမိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းCDSOM အဖွဲ့ကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာများမှအကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသော ဝင်ငွေကို ဖြတ်တောက်ရန်အလို့ငှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CDSOMအဖွဲ့ကပြောသည်။

Mytelတာဝါတိုင်မိုင်းခွဲခြင်းအားမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM နှင့်အတူမဟာမိတ်များဖြစ်ကြသော တပ်ရင်း ၆ တပ်ခွဲ ၁(နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF)နှင့် ငါန်းဇွန်ဟီးရိုးNgazun’sHeros၊တပ်ခွဲ ၂၊ Ngazun Fight Stars၊မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

သတင်း

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့တွင် စစ်းဇယ်ရွာနှင့်ရေပုတ်ရွာများကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများ စစ်ကားများအနီးနားသို့ ကပ်မလိုက်ကြပါရန် လည်း မေတ္တာရပ်ခံသည်။