Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၂)နယ်မြေ၌ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၃၀ခန့်သေ

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။

KNU
KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် မေလက တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးခဲ့ကြောင်း တပ်မဟာ(၂) တာဝန်ရှိသူက ပြောကြားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရအဖြေရှင်းရန်၊ စစ်တပ်စခန်းများ ပြန်ရုပ်သိမ်းရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကမလိုက်နာ၍ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် KNU တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့နယ်အပါအဝင် နေရာအချို့၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း အဆိုပါ တပ်မဟာ(၂) တာဝန်ရှိသူက ပြောသည်။

“စစ်ရေး စစ်ရာနှောက်ယှက်မှုလည်းရှိတယ် စကားအပြောအဆိုနဲ့ နှောက်ယှက်မှုလည်းရှိတယ် ပြီးတော့ ပြည်သူလူထုကို ဖိအားပေးပြီး နှောက်ယှက်မှုလည်းရှိတယ်။ ဆိုလိုတာက ကျွန်တော်တို့ KNU ကလုပ်နေတဲ့ လုပ်ငန်းတွေ မလုပ်ဖို့ ခြိမ်းခြောက်တာပေါ့။ နောက်ပြီး KNU ရဲ့ တာဝန်ဖြစ်နေတဲ့ အုပ်ချုပ်ရေး လုပ်ငန်း မှန်သမျှတွေကိုလည်း ကန့်ကွက်တာတို့ ပြည်သူလူထုကို ဖိအားပေးပြီး ကျွန်တော်တို့ချမှတ်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကိုမလုပ်ဖို့ ပြည်သူလူထုကို အသိပေးတာတော့ရှိတာပေါ့”ဟု တပ်မဟာ(၂) တာဝန်ရှိသူက ပြောသည်။

ထိုသို့ နှောက်ယှက်သည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရန် စစ်ကောင်စီတပ်ကို KNLA တပ်မဟာ (၂)က ဇွန်လ ၂ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း

KNLA တပ်မဟာ(၂) တပ်မှူးများ၏ ၆လပတ် အစည်း အဝေးအပြီး ဇွန်လ ၂ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက​ယော​ဒေသတိုက်ပွဲတွင်စစ်သားများ​သေဆုံးမှုကိုမထုတ်ပြန်​ပေ။စစ်​ကောင်စီက တိုက်ပွဲများတွင် စစ်သားများ​သေဆုံးထိခိုက်ပြီး အထိနာလျှင်ထုတ်ပြန်​လေ့လည်းမရှိ​ပေ။

သတင်း

ကရင်နီပူးပေါင်းတပ်များသည်မေလ(၁၂) ရက်​နေ့တွင်ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်(၂၀)ဦးသေဆုံးခဲ့ပြီး၊ (၅)ဦးအရှင်ဖမ်းမိကာ၊ လက်နက်ကြီး၊ လက်နက်ငယ် (၁၂) လက် သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်သည်။