Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

NUGကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဥရောပပါလီမန်၏ ဒုတိယဥက္ကဌအပါအဝင် ပါလီမန်အဖွဲ့ဝင်များနှင့် ဇွန်လ၁ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရက်စဲလ်၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအခြေအနေများကို ဆွေးနွေးခဲ့ပြီး ဥရောပပါလီမန်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးထောက်ခံအားပေးကြောင်း ပြောကြားသည်။

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ဥရောပပါလီမန်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ဆောင်ရွက်မှုများအပေါ် စည်းလုံးခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးသည်။

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ထို့အပြင် အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းထားသည်။

စစ်​ကောင်စီ၏ အကြမ်းဖက်မှု​များ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားရန်၊ ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးရန်နှင့် အရပ်သားအစိုးရပြန်လည်​ပေါ်ထွန်းအောင်လုပ်​ဆောင်ရန်တို့ကို ဥရောပပါလီမန်က တောင်းဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

သတင်း

မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက်များသည် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ စီးပွားရေးကျင့်ဝတ်ကောင်းများ၊ NUG ထုတ်ပြန်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးရန်လို အပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တောင်းဆိုသည်။

သတင်း

ယင်းကျောင်းများအနက် မြစ်သားမြို့နယ်အခြေစိုက် Kaung For You Education တွင် ကျောင်းအပ်သူဦးရေမှာ ၁ နာရီအတွင်း ကျောင်းသားဦးရေတစ်သိန်းကျော်သွားပြီး ကျောင်းမှလက်ခံသင်ကြားပေးနိုင်သည့်ဦးရေထက် အဆမတန်များပြားနေ၍ လက်ခံမည့်ကျောင်းသားများအား စိစစ်ရန်ပင် အခက်အခဲရှိနေကြောင်း K4U က အသိပေးသည်။

သတင်း

KNDF စတင်ထူထောင်ချိန်မှ ယနေ့အထိ တော်လှန်ရေးကာလတစ်လျှောက်လုံး၌ ပါဝင်ခဲ့ကြသည့် ၊ အသက်ပေးလှူခဲ့ကြသည့် စစ်သူများ ပြည်သူများ ပါဝင်ကူညီခဲ့သူများနှင့် အဖွဲ့အစည်းအားလုံးကို လေးစား အရိုသေပြုအပ်သကဲ့သို့ ထာ၀ရ မှတ်ကျောက်တင်ကြောင်း သဝဏ်လွှာပေးပို့သည်။