Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ သုံးဦးသေ

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စနိုက်ပါစစ်ဆင်ရေး
စနိုက်ပါစစ်ဆင်ရေး

ကရင်နီ(ကယား) – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃က ယနေ့ (ဇွန် ၃ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂ ရက်)နံနက်ပိုင်းတွင် ပင်လောင်းနှင့် ဖယ်ခုံမြို့ကိုဆက်ထားသော ပင်ပုံနှင့် လွယ်ဝှဲကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ သေဆုံးမှု ရှိ၊မရှိ အတည်မပြုနိုင်ဟု အသိပေးသည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကရင်နီဒေသအစပ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်ကို မေလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင် စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် ဖယ်ခုံအရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း KNDF တပ်ရင်း – ၃ မှ ရဲဘော်တစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ကာ (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်​​နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

သတင်း

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။

သတင်း

တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း

KNLA တပ်မဟာ(၂) တပ်မှူးများ၏ ၆လပတ် အစည်း အဝေးအပြီး ဇွန်လ ၂ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။