Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာတစ်ရွာမှ NLD ရပ်/ကျေး ဥက္ကဋ္ဌနေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများဖျက်ဆီးပြီး နွားနှစ်ကောင်ကို ဖမ်းသွား

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

ကန့်ဘလူနယ်
ကန့်ဘလူနယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်း(ခ)ရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရပ်/ကျေးဥက္ကဋ္ဌ ဦးညွန့်ဝင်းနိုင်၏ နေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများက ဖျက်ဆီးပြီး နွားနှစ်ကောင်ကိုလည်း ဖမ်းဆီးယူဆောင်သွားကြောင်း ကာယကံရှင် ဦးညွန့်ဝင်းနိုင်က ပြောကြားသည်။

အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကျတော့ ရွာမှာ စစ်တပ်က မနေနိုင်အောင်လုပ်တော့ ကျွန်တော်တို့က ထွက်ပြေးရတာ။ မိသားစုလိုက်။ မိန်းမကလည်း CDM ဆိုတော့ ပြီးတော့ ကျွန်တော်က NLD ဘက်က အိမ်ကလည်း ရုံးဆိုတော့ အဲဒါ အိမ်ကို ရိုက်ဖျက်တယ် ပစ္စည်းတွေ အကုန်ယူတယ်။ အဲဒီလို ယူသွားပြီးတော့ ကျွန်တော်က မိသားစုလိုက်ဘေးထွက်သွားတဲ့အခါ တူလေးတွေကို လယ်တွေ ဘာတွေလုပ်ရစ် ကျတော့ဆိုပြီး ပစ်ထားခဲ့ရတာပေါ့။နွားတွေလည်း စောင့်ရှောက်ဖို့ထားခဲ့တာ။ နွားတွေကို အဓမ္မ အတင်းလုပြီး ဝင်ယူပြီး ရောင်းစားပစ်လိုက်ကြတာပေါ့” ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ NLDအားပေးသူများထံမှ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

“ဘာအတွက်ဆို သူတို့ သပ်သပ်အနိုင်ကျင့်တဲ့သဘော။ တစ်အိမ်တစ်သိန်းပေး ရန်ပုံငွေလိုလို ဘာလိုလိုနဲ့”ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။

ပျူစောထီးများသည် စစ်ကောင်စီတပ်များနှင့် အတူပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များအတွင်း စစ်ကြောင်းထိုးခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People's Task Forceက ရှင်းလင်းခဲ့သည်။

သတင်း

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

သတင်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။