Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှစ်ကြိမ်တိုက်ခိုက်

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

(မန္တလေး - မုံရွာ - ရွှေဘိုလမ်းပေါ်တွင် ဖြတ်သန်းသွားနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဧပြီလကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မန္တလေး - မုံရွာ - ရွှေဘိုလမ်းပေါ်တွင် ဖြတ်သန်းသွားနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဧပြီလကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂ရက်) ည ၉နာရီ ၄၅မိနစ်အချိန်က ရွှေဘို – မန္တလေးလမ်းပေါ် စစ်ကိုင်းမြို့နယ် ကျားမင်းကြီးရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုမြို့သို့ဦးတည် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၀ဘီးကား ၆စီးယာဉ်တန်းမှ နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား နှစ်စီးလုံး တာယာများပွင့်ထွက်၍ နေရာတင်ထိုးရပ်ခဲ့ပြီး တပ်သား အများအပြားသေဆုံးနိုင်ကြောင်း နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် phoenix(SGG) အဖွဲ့များက ပြောသည်။

“ဒီကနေ့ နံနက် ၃နာရီခန့်က အလောင်းလာကောက်ပြီး ရှင်းလင်းသွားတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

အလားတူ ယမန်နေ့ည ၁ဝနာရီခန့်ကလည်း ရွှေဘို – မန္တလေးလမ်းပေါ်၊ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာနှင့် ဆားတောင်မြို့ကြားတွင် စစ်ကိုင်း အုန်းတောဘက်မှ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် တွဲကား နှစ်စီးကို အခြားအဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

ယမန်နေ့ညက ရွှေဘို – မန္တလေး လမ်းမကြီးပေါ် ​မည်သည့်ယာဥ်မျှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြိုတင်သတိပေးကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်" ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People's Spring ထံ ဆက်သွယ်ပြောကြားသည်။

သတင်း

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

သတင်း

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။