Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုတိုက်ပွဲ စစ်​ကောင်စီယာဥ် သုံးစီးမီး​လောင်ပျက်စီး

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ဖရူဆိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မော်တော်ယာဥ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် တ​နောက​လော ​ကျေးရွာအနီး စစ်​ကောင်စီမော်​တော်ယာဥ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KNDF
KNDF

မော်တော်ယာဥ် အစီး၄၀ပါ စစ်ကောင်စီယာဥ်တန်းကို မေလ ၃၀မှ ဇွန်လ ၂ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDFတို့မှ နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင် တိုက်ခိုက်ခဲ့သည်။

မေလ ၃၀ နှင့် ၃၁ရက်တို့တွင် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

ထို့အတူ ဇွန်လ ၁ရက်နှင့် ၂ရက်တို့တွင် ထားလဲကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းအား၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးကျဆုံးပြီး ထိခိုက်မှုများပြားခဲ့ကြောင်း အသိပေး သည်။

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

KNDF
KNDF

ယမန်နေ့က တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ စစ်ကောင်စီ၏ ​မော်​တော်ယာဥ် နှစ်စီး၊ လက်နက်ငယ် (၄)လက်၊ Anti- Drome Jam mer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

သတင်း

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အနီးကပ်စောင့်ကြည့်ကာ ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။