Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံးကိုးခရိုင်ထဲ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

မုံးကိုးခရိုင်
မုံးကိုးခရိုင်

မုံးကိုးခရိုင် တာမိုင်ပေါ်ဒေသမှာ ကိုးကန့်(MNDAA) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ပူးပေါင်းတပ်နဲ့ စစ်​ကောင်စီတပ်တို့အကြား နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ကိုးကန့်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်နဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ရှိရာ အထူးဒေသ(၁) တာမိုင်ပေါ်ဒေသ မိုင်တောင်အနောက်ဘက်တောင်ကုန်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ညနေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စတင်ဝင်ရောက်လာခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့အပေါ် ကိုးကန့် ကေအိုင်အေပူးပေါင်တပ်ဖွဲ့တွေက သတင်းရရှိပြီး မေလ ၃၁ ရက်နေ ညနေ ၄ နာရီခန့်မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တားမြစ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးမျိုးစုံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၀၅)မိုင်က စစ်ကောင်စီရဲ့လက်နက်ကြီးစခန်းကလည်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲနေရာကနေ ဦးစွာထွက်ခွာခဲ့ကာ နမ်မူတံတားဝန်းကျင်မှာ ယာယီအခြေချနေထိုင်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်မှတော့ စစ်ကောင်စီဟာ ပူးပေါင်းတပ်ဖွဲ့အခြေချတဲ့နေရာကို ဝင်ရောက်ထိုးစစ်ဆင်လာပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ခုခံတိုက်ခိုက်ခဲ့ကာ တိုက်ပွဲဟာ နာရီဝက်နီးပါးကြာ ကြာမြင့်ခဲ့ကာ စစ်ကောင်စီက (၁၀၅)မိုင်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နှစ်ရက်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး အသေးစိတ်မသိရသေးပဲ ကိုးကန့်ကေအိုင်အေပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

သတင်း

ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာ​ရောက်တိုက်ခိုက်ခဲ့ရသည်။

သတင်း

အာဏာမသိမ်းခင်က ​နေရပ်စွန့်ခွာထွက်​ပြေး​​နေရ​သောစစ်​ရှောင်ပြည်သူ သုံးသိန်းခွဲခန့် ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်၊ရခိုင်၊ ချင်းနှင့် ရှမ်း စ​သောပြည်နယ်များမှဖြစ်ကြောင်း လည်း OCHA က အစီရင်ခံသည်။

သတင်း

“တိုက်ပွဲက ဆယ်ဂဏန်းအထိရှိတာပဲ မေလတစ်လမှာ။ သူတို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာ ၃၀ပတ်ဝန်းကျင်လောက်ရှိမယ်”ဟု ၎င်းက ဆိုသည်။