Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းရရှိထား၍ ပြည်သူများဂရုစိုက်ကြရန် သတိပေး

“စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။”ဟု GNC မှတာဝန်ရှိသူကပြောသည်။

(ဇွန် ၃ရက်က ရန်ကုန်ပညာရေတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းဆင်းချိန်၌ မိဘများစောင့်ဆိုင်းနေစဉ်)
(ဇွန် ၃ရက်က ရန်ကုန်ပညာရေတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းဆင်းချိန်၌ မိဘများစောင့်ဆိုင်းနေစဉ်)

ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းအတိအကျရရှိထားသောကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက် သတိထားကြရန် Ground News Coverage (GNC)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရန်ကုန်မြို့ရဲ့ အစိုးရကျောင်းတစ်ချို့မှာ PDF၊ UG တွေဖောက်ခွဲသလို ပုံစံမျိုး စခ၊ ရခနဲ့ သွေးသောက်အဖွဲ့တို့က ဖောက်ခွဲမှုတချို့ ပြုလုပ်မယ်လို့ သတင်းတစ်ချို့ အတိအကျရထားပါတယ်။ ဘယ်ကျောင်းလဲ ဘယ်ချိန်လဲဆိုတာတော့ ကျွန်တော်တို့ သေချာစွာသိရှိဖို့ ကြိုးစားနေပါတယ်။ကနဦးသိရတာက ကျောင်းတစ်ချို့မှာ ဖောက်ခွဲပြပြီး သူတို့လူတချို့ကိုထည့်ကာ အဖမ်းပြ လူရှေ့ရိုက်၍ PDF ပုံစံလိုလိုမျိုး ပြုလုပ်မယ်လို့ သိရှိရပါသည်။”ဟု GNC ၏ ဖေ့စ်ဘွတ်ခ်၌ ဇွန် ၃ ရက် ညက သတိပေးထားသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ဗုံးလန့်ခြင်းကဲ့သို့ ပြည်သူများကြောက်စိတ်ဝင်အောင် ပြုလုပ်မည့်ကိစ္စများလည်းရှိလာ‌နိုင်ကြောင်း GNCက ဆိုသည်။

“စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။”ဟု GNC မှတာဝန်ရှိသူကပြောသည်။

၎င်းတို့၏ သတင်းအချက်အလက်အပေါ် အပြည့်အဝတာဝန်ယူပြီး တိကျသည့်သတင်းအချက်အလက်များရရှိနိုင်ရန် ဆက်လက်စုံစမ်း၍ ‌အသိပေးမည်ဟု GNC မှတာဝန်ရှိသူကပြောသည်။

မေလ ၃၁ ရက်က ရန်ကုန်မြို့လယ် လူစည်ကားရာနေရာဖြစ်သည့် အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုကို ရန်ကုန်မြို့ရှိ မြို့ပြပျောက်ကြားအဖွဲ့များက ပြည်သူကို ထိခိုက်မည့်နေရာများတွင် ၎င်းတို့၏ မစ်ရှင်များကိုမပြုလုပ်ကြောင်းပြောကြားထားပြီး စစ်ကောင်စီဘက်က ယင်းပေါက်ကွဲမှုကို PDF သင်တန်းဆင်းလာသူက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောကြားထားသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ပြည်သူများကလည်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များဖြစ်သည့် ပျူစောထီး ၊ သွေးသောက်အဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

သတင်း

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

သတင်း

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

သတင်း

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။