Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင်စစ်​ကောင်စီတပ်အင်အားတိုးပြီးပိုလှုပ်ရှားလာသဖြင့် ပြည်သူများသတိထားသွားလာရန် အသိ​ပေး

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

(မေလလယ်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအချို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေသည်ကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(မေလလယ်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအချို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေသည်ကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာသောကြောင့်နယ်မြအတွင်းလမ်းပိုင်းများအား သတိထားသွားလာကြရန်ဒေသတွင်းသတင်း​များ​ဖော်ပြ​ပေး​နေသည့် Infinity Group က အသိပေးသည်။

ယခုအခါအကြမ်းဖက်စစ်​ကောင်စီတပ်သည်ကန့်ဘလူမြို့နယ်အတွင်းစစ်​ရေးလှုပ်ရှားမှုများယခင်ကထက်ပိုမိုလုပ်​လာ​​နေသည်။ထို့​ကြောင့်ကန့်ဘလူမြို့နယ်အတွင်း ခရီးသွားလာမည့် ပြည်သူများအ​နေဖြင့် လမ်း​ကြောများအား အ​ရေး​ပေါ် မဖြစ်မ​နေကိစ္စရပ်များမှလွဲ၍ သွားလာခြင်းမပြုလုပ်ကြပါရန် ​အသိ​ပေးကြောင်း နှိုး​ဆော်ထားသည်။

ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာလမ်း​ကြောတ​စ်လျှောက် အကြမ်းဖက်စစ်​ကောင်စီတပ်သား (၂၅၀) ဝန်းကျင် တပ်ချထားသည်ဟု သတင်းရရှိ၍ အသွားအလာ မလုပ်သင့်ကြောင်း၊ အဆိုပါနယ်မြေတွင် ဖုန်းလိုင်းများလည်း ဖြတ်​တောက်ထားကြောင်း Infinity Group က ပြောသည်။

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

အထက်ပါ​ဒေသများရှိ ​ကျေးရွာအများစုမှ ​ထောင်နဲ့ချီ​သောပြည်သူများ စစ်​​​ကောင်စီတပ်ရန်​ကြောင့် ထွက်ပြေးတိမ်းရှောင်​နေရ​ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား ည​နေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း အသွားအလာမလုပ်သင့်ကြောင်း Infinity Group က သတိ​ပေးသည်။

ပျူစောထီး​​ပေါများ​သော​ဒေသများသည့်အထူးသဖြင့် ကန့်ဘလူ​မြို့နယ် ဇီးကုန်း၊ကာဘိုး၊ထန်းကုန်း၊​မြေထူး ​ဒေသများအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက နီးစပ်ရာ​ဒေသရှိ အသိမိတ်​ဆွေများနှင့် ဆက်သွယ်ပြီးမှသာအသွားအလာလုပ်သင့်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အကြံပြုသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ​ရွှေဘိုဘက်မှ ၁၂ ဘီးကား ၄ စီးဖြင့် ကန့်ဘလူဘက်သို့ ​စစ်သားများ၊ရိက္ခာများ ထပ်မံဖြည့်တင်းလာ​ကြောင်း Infinity Groupက ​ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

သတင်း

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။

သတင်း

"စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။"ဟု GNC မှတာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာ လမ်းတစ် လျှောက်မှ ကျေးရွာများ အနေဖြင့် စစ်ကောင်စီတပ် သတင်းများကို နားစွန့်၍ သတိပြုရှောင်ရှားကြရန်လည်း ထီးလင်း PDFက အသိပေးထားသည်။