Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ်ပညာ​ရေးမှူးရုံး မီး​လောင်

“စနေနေ့ရုံးပိတ်ရက်မှာလောင်တာ ပြာကျတော့မှာ မီးသတ်ကားတွေရောက်လာတာ။ “ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)
(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)

တမူးမြို့ မြို့နယ်ပညာရေးမှူးရေးမှူးရုံး ယနေ့(ဇွန်၄ရက်)ညနေ၃နာရီခန့်က မီးလောင်သွားကြောင်းဒေသခံများကပြောသည်။

မီးလောင်ရသည့် အကြောင်းအရင်းကိုသေချာမသိရသေးဘဲ ပညာရေးမှူးရုံးမှာ တနာရီအတွင်း တစ်ရုံးလုံးနီးပါး​လောင်ကျွမ်းသွားသည်ဟုဒေသခံများကပြောသည်။

(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)
(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)

“စနေနေ့ရုံးပိတ်ရက်မှာလောင်တာ ပြာကျတော့မှာ မီးသတ်ကားတွေရောက်လာတာ။ “ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

အဆိုပါမီး​လောင်မှုကို PDF များက ရုံးအစောင့်ကိုသေနတ်ထောက်ပြီးရုံးအားဓါတ်ဆီလောင်း မီးရှို့သွားသည်ဟုစစ်ကောင်စီလက်အောက်ခံပညာ​ရေးဝန်ထမ်းများက ဝါဒဖြန့်လျက်ရှိသည်။

(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)
(တမူးပညာ​ရေးမှူးရုံးမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-CJ)

မြို့ပေါ်တွင် စစ်ကောင်တပ်များလုံခြုံရေးယူထား​သော်လည်း မီးလောင်ကျွမ်းပြီး အချိန်အတော်ကြာမှ စစ်​ကောင်စီတပ်သားများလာရောက်မီးငြိမ်းရန်ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုမြို့ခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

News

တမူး (PDF)တပ်ရင်း ၄ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန် အထိ ရည်ရွယ်သည်ဟုဆိုထားသည်။

News

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများရှိဖြင့် တမူးမြို့ထဲသို့ကား၊ဆိုင်ကယ်များဖြင့် ကစဉ့်ကလျားပြန်လည်ဆုတ်ခွာသွားသည် PDF(တမူး) တပ်ရင်း-၁ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

News

စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို People's Defense Force(Tamu) က ယနေ့ နေ့ နေလယ်ပိုင်းတွင် ဝက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

News

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။