Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူနယ်တွင် သင်္ဘောလုံခြုံရေးစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု မြို့လှ PDF အသိပေး

အပြန်အလှန် ပစ်ခတ်မှု မိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ ၈ ဦးခန့် ဒဏ်ရာရသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့လှ KPDF အရံတပ်မှ ထိခိုက်မှုမရှိအောင်မြင်စွာ အသာစီးရယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မြို့လှ PDF
မြို့လှ PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မြို့လှ PDFက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၃ရက်) မွန်းလွဲပိုင်း၌ သင်္ဘောလုံခြုံရေးယူရန် မိုးစစ်ရွာဘက်မှ ဆင်တပ်ရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ပါ စစ်ကောင်စီတပ်ကို မြို့လှ PDF အရံတပ်မှ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကို လက်လုပ်ရှေ့ထွက်မိုင်း ၄လုံးအပြင် လက်ထောက်ကျည် (40 mm) အချို့ဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စကစဘက်မှ လက်ထောက်သီးကျည်များ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကူဆိပ်ကမ်းရှိ စစ်သင်္ဘောပေါ်မှ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အပြန်အလှန် ပစ်ခတ်မှု မိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ ၈ ဦးခန့် ဒဏ်ရာရသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့လှ KPDF အရံတပ်မှ ထိခိုက်မှုမရှိအောင်မြင်စွာ အသာစီးရယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း

စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေရသည်အထိ၊ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

သတင်း

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

သတင်း

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။