Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် စစ်ကောင်စီတပ်က ပြည်သူခုနစ်ဦးကို လူသားဒိုင်းအသုံးပြုပြီး လေးဦးကိုသတ်ဖြတ်

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)
(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ပြည်သူခုနစ်ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး လေးဦးကို သတ်ဖြတ်ထားခဲ့ကြောင်း KLG-PDF (ကျောက်လုံးကြီး)ထံမှ သတင်းရရှိသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူခုနစ်ဦးအနက် ကိုအဲဖြိုး(အသက်စုံစမ်းစဲ)၊ ဦးခင်မောင်‌တင့် (၃၉)နှစ်၊ ဦးဇော် (၄၅)၊ ကိုပု (၂၅)နှစ်တို့၏ ရုပ်အလောင်းများကို ယနေ့(ဇွန် ၄)တွင် တဇယ်ချောင်ကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)
(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

သေဆုံးသွားသူများမှာ လက်နောက်ပြန်ကြိုးတုပ်သည့်ပုံစံဖြင့် ပစ်သတ်ခံထားရခြင်းဖြစ်ပြီး ရုပ်အလောင်းများမှာ ပုပ်ပွနေပြီဖြစ်ကြောင်း KLG-PDF(ကျောက်လုံးကြီး)မှ ရဲဘော်တစ်ဦးက ပြောသည်။

“လောလောဆယ် လေးဦးရဲ့ ရုပ်အလောင်းတွေပဲ ရှာတွေ့သေးတယ်။ ကျန်တဲ့သုံးဦးကို ဘယ် ကိုဖမ်းခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ အဖမ်းခံရတဲ့သူအားလုံးက အမျိုးသားတွေကြီးပဲ”ဟု ၎င်းက ဆက်ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှာ ယမန်နေ့(ဇွန် ၃)ကတည်းက မုဋ္ဌောရွာတွင် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ အလိုကျအမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားများသာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

သတင်း

ကိုးတောင်ဘို့၊ ယမတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို​ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ဇွန်လ ၃ရက်တွင် တိုက်ခိုက်ခဲ့ရာ အထိနာပြီး​နောက်စစ်​ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း - ၂ ၊ KNDF တပ်ရင်း - ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။