Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြားကာလမှာ ပညာရေးလက်လှမ်းမမီတဲ့ကျောင်းသားတွေအတွက် ထည့်သွင်းစဉ်းစားဖို့ ဒေါက်တာသိန်းလွင်အကြံပြု

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးအားလုံးပညာသင်ကြားခွင့်ရဖို့ စကစကိုတော့ကျွန်တော်တို့အားမကိုးဘူး ၊စကစကျောင်းကိုမသွားတဲ့ကလေးတွေက ကျွန်တော်တို့ဘက်ကို လက်လှမ်းမမီဘူးဆိုရင် ကျွန်တော်တို့မှာတာဝန်ရှိတယ်” လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင်

နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံတဝှမ်း အခြေခံပညာသင်ကြားနိုင်တဲ့ ကျောင်းသားဦးရေ ၃၀ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက စာရင်းပျောက် နေတယ်လို့ နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

မေလ ၂၆ရက်က အွန်လိုင်းကနေပြုလုပ်တဲ့ ကြားကာလပညာရေးဆိုင်ရာပို့ချအကြံပြုချက်များအစီအစဉ်မှာ ဒေါက်တာသိန်းလွင်ကပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ကိန်းဂဏန်းတွေကို ကိုးကားပြီးပြောခဲ့တာပါ။

ကြားကာလအတွင်းအခြေခံပညာရေးကိုသင်ကြားနိုင်တဲ့ ကျောင်းသား ၃၀ ရာခိုင်နှုန်း ရှိပြီး ဒီပမာဏာမှာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာတက်နေတဲ့ ကျောင်းသားဦးရေက တဝက်လောက်ပါဝင်တယ်လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

နိုင်ငံတဝှမ်းက ကလေးငယ်အားလုံးပညာသင်ကြားခွင့်ရဖို့ အရေးကြီးပြီး စစ်ကောင်စီကျောင်းတွေထံ မသွားတဲ့ကလေးငယ်တွေ ပညာရေးကို လက်လှမ်းမီဖို့ အတွက် တာဝန်ရှိနေတယ်လို့လည်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးအားလုံးပညာသင်ကြားခွင့်ရဖို့ စကစကိုတော့ကျွန်တော်တို့အားမကိုးဘူး ၊စကစကျောင်းကိုမသွားတဲ့ကလေးတွေက ကျွန်တော်တို့ဘက်ကို လက်လှမ်းမမီဘူးဆိုရင် ကျွန်တော်တို့မှာတာဝန်ရှိတယ်” လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

ဒါကြောင့် ကြားကာလပညာရေးမှာ ကလေးငယ်အားလုံးပညာသင်ကြားခွင့် လက်လှမ်းမီနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ်လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ကျောင်းတွေ ၊ဘာသာရေးအခြေပြုကျောင်းတွေ မှာေ ကျာင်းသားတက်ရောက်မှုပိုများလာပြီး ရပ်ရွာအခြေပြုကျောင်းတွေလည်းပေါ်ထွက်လာတယ်လို့ဒေါက်တာသိန်းလွင်ကဆိုပါတယ်။ စစ်ကောင်စီနဲ့ မဆက်နွယ်တဲ့ ဘာသာစုံသင်ပုဂ္ဂလိက အွန်လိုင်းကျောင်းတွေလည်းရှိလာပါတယ်။

ဒါအပြင် NUG ပညာရေးဝန်ကြီးဌာနက Home base learning အစီအစဉ်ပြုလုပ်ထားပြီး အဲဒီအစီအစဉ်မှာ သင်ကြားတဲ့ကျောင်းသားဟာ တစ်သိန်းခွဲလောက်ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီကတော့ ဒီနှစ်ပညာရေးနှစ်အတွက် မေလ ၂၆ ရက်ကနေ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်တဲ့ ဦးရေဟာ ၅၆ သိန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

သတင်း

အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။

သတင်း

NUG ရဲ့ ပညာရေးစနစ်အတိုင်းအွန်လိုင်းကနေ သင်ကြားပေမယ့် Kaung for You Federal Private School မှာ ကျောင်းအပ်စတင်လက်ခံတဲ့ တစ်နာရီအတွင်းကျောင်းသားကျောင်းသူ တစ်သိန်းကျော် လျှောက်ထားလာတယ်လို့ အဲဒီကျောင်းက ထုတ်ပြန်လာပါတယ်။ ၂၀၂၂ −၂၀၂၃ ပညာသင်နှစ်အတွက် အဲဒီကျောင်းဟာ ကျောင်းသားတစ်သောင်း လက်ခံသင်ကြားပေးမှာလို့သိရပါတယ်။ “ကျောင်းသား...

သတင်း

ကော်မတီသည်ခရိုင်အလိုက်ကိုယ်စားလှယ်များဖြင့် ကျောင်းတာဝန်ခံနှင့် ကျောင်း၏ Board of Director အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တာဝန်ခံနှင့် Board of Director အဖွဲ့သည် Yangon Federal School ၏ စီမံခန့်ခွဲမှုများကို စနစ်တကျ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်သည်။