Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ သင်္ဘောသုံးစီးကို မြို့လှ PDFထပ်မံ တိုက်ခိုက်၊ သင်္ဘောတစ်စီးထိမှန်ခဲ့

စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသင်္ဘော
စစ်ကောင်စီသင်္ဘော

ကချင်ပြည်နယ် ရွှေကူမြို့မှ စုန်ဆင်းထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစီးအားမြစ်ကမ်းတနေရာမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး ထိမှန်မှုရှိခဲ့သည်ဟု မြို့လှပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများကို ရွှေကူမြို့နယ် ကျောက်ကြီးရွာနှင့် ဆင်ကုန်တိုင်ရွာကြားတွင် ယနေ့ ဇွန်လ ၅ရက် နံနက် ၈နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ရာတွင် H-22 လက်လုပ်ရှေ့ပြေးမိုင်း ​လေး လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ရှေ့လယ်နောက်အတန်းလိုက်စုန်ဆင်းလာစဥ် သင်္ဘောသုံးစီးအနက် နောက်ဆုံးအစီး၏ ဆလင်ခန်းသို့ ထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

မြို့လှ PDFသည် ဇွန်လ ၃ရက်ကလည်း စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးမြေပြင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

သတင်း

MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃ရက် ညနေပိုင်းက ညောင်ပင်တပ်စခန်းသို့ ရောက်ရှိပြီး ဇွန်လ ၄ရက်နံနက်၌ တုန်ဖုန်းကား (၃)စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် KIAက ​လေးကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တပ်ခွဲဝင်ပေါက်၊ထွက်ပေါက်များတွင် မိုင်းများထောင်ထားခဲ့ရာ စစ်ကောင်စီအကြမ်းဖက်တပ်များ ဝင်ရောက်ချိန်တွင် အနည်းဆုံး (၅)လုံးခန့် ပေါက်ကွဲခဲ့သည်ဟု YPDFက ပြောသည်။