Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြိမ်ကြိမ်သတိပေးသော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ဝန်ထမ်းများအား လက်တွေ့ကျစွာ အရေးယူမည်ဟု မင်းတပ် CDF သတိ​ပေး

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

မင်းတပ် CDF သတိ​ပေး
မင်းတပ် CDF သတိ​ပေး

▪️အရေးယူမည့်အထဲတွင် စစ်ကောင်စီဖွင့်သည့်ကျောင်းများရှိ ပညာရေးဝန်ထမ်းများလည်းပါဝင်

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သော်လည်း အချို့ဝန်ထမ်းများသည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရသည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောင်းများ ဖွင့်ရန် ကြိုးစားနေမှုအပေါ် လက်တွေ့ကျကျ အရေးယူသွားမည်ဟု မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန် ကြေညာသည်။

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ယခုအချိန်ကစပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများအား လက်တွေ့ကျကျ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခု ပညာသင်နှစ်မှစပြီး စစ်ကောင်စီမှ ဖွင့်လှစ်မည့် ကျောင်းများတွင် ပညာသင်ကြားပေးသော ဆရာ၊ဆရာမများအားထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင် မိမိတို့၏ သား၊သမီးများအား ကျောင်းအပ်နှံခြင်းမပြုရန် တိုက်တွန်းခဲ့ပြီး အကယ်၍ကျောင်းအပ်နှံခြင်းကြောင့် ဖြစ်လာသည့် ဆိုးကျိုးများ အပေါ် မင်းတပ် CDF အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

သတင်း

MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃ရက် ညနေပိုင်းက ညောင်ပင်တပ်စခန်းသို့ ရောက်ရှိပြီး ဇွန်လ ၄ရက်နံနက်၌ တုန်ဖုန်းကား (၃)စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် KIAက ​လေးကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဖားကန့်မြို့တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ရန်ကြိုးစားနေသလို KIAနှင့် PDFကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်နေ သည်ဟု ဒေသခံများက ပြောသည်။