Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပါကစ္စတန်လေတပ်နည်းပညာရှင်အဖွဲ့ စစ်ကောင်စီလေတပ်ကိုသင်တန်းပေးဖို့ရှိနေ

JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။

JF−17 တိုက်လေယာဉ်
JF−17 တိုက်လေယာဉ်

မြန်မာစစ်ကောင်စီ ရဲ့ တိုက်လေယာဉ်မှူးတွေကို သင်တန်းပေးဖို့အတွက် ပါကစ္စတန်လေတပ်က နည်းပညာရှင် ၁၅ ဦးပါဝင်တဲ့အဖွဲ့ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဖော်ပြပါတယ်။

အဲဒီပါကစ္စတန်လေတပ်က နည်းပညာရှင်အဖွဲ့ဟာ JF − 17 တိုက်လေယာဉ်တွေမောင်းနှင်တာနဲ့ပတ်သက်ပြီး မိတ္ထီလာလေတပ်ကို သွားရောက်သင်တန်းပို့ချမှာပါ။

အဲဒီနောက် မင်္ဂလာဒုံလေတပ်စခန်းကိုလည်းသွားရောက်ဖို့ရှိပြီး JF 17 လေယာဉ်တွေကို ပြုပြင်ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေအတွက် စစ်ကောင်စီလေတပ်ကိုကူညီဖို့ရှိနေပါတယ်။

JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။

၂၀၂၁ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို ပစ်သတ်တာ ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေက တိုက်တွန်းတာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလအတွင်း ပါကစ္စတန်လေတပ်ကုန်တင်လေယာဉ်တစ်စီးဟာ JF- 17 တိုက်လေယာဉ်အစိတ်အပိုင်းတွေကို စစ်ကောင်စီလေတပ်အတွက်ပေးပို့ဖူးပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲတွင်ရန်သူ(၂)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရကာ ၊ လား(၂)ကောင်သေဆုံးခဲ့ပြီး KNLA/BPLAပူး​ပေါင်းတပ်ဖွဲ့ဝင်များဘက်မှထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း​လည်းဆက်လက်​ဖော်ပြထားသည်။

သတင်း

ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

သတင်း

"အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ"ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။