Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Foodpanda Rider တွေ အလုပ်မဆင်းသပိတ် ဇွန် ၆ ရက်မှာ ထပ်လုပ်မယ်

Rider တွေက အော်ဒါကြေးကို အနိမ့်ဆုံး ၆၇၀ ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ရှစ်ချက်တောင်းဆိုထားပါတယ်။

မတ်လတုန်းက အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့လို့ Foodpanda ကုမ္ပဏီက Rider တွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် သဘောတူထားတဲ့ အချက်တွေကို အခုချိန်အထိ အကောင်အထည်မဖော်ပေးတာကြောင့် မနက်ဖြန် (ဇွန်၆ ) ကစပြီး အလုပ်မဆင်း သပိတ်ထပ်လုပ်ဖို့ရှိပါတယ်။

Rider တွေက အော်ဒါကြေးကို အနိမ့်ဆုံး ၆၇၀ ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ရှစ်ချက်တောင်းဆိုထားပါတယ်။

ပထမတစ်ကြိမ်ကတော့ အချက် ၇ ချက်တောင်းဆိုခဲ့ပြီး ကုမ္ပဏီဘက်က ညှိနှိုင်းမှုတွေ ပြုလုပ်ကာ တစ်ချို့အချက်တွေကို ပြင်ဆင်ပေးဖို့ နှုတ်ကတိပေးခဲ့ပေမယ့် အခုချိန်အထိ အကောင်အထည်မဖော်ပေးသေးတာပါ။

စားသုံးသူတွေအနေနဲ့လည်း အရင်တစ်ကြိမ်လိုပဲ အလုပ်မဆင်း သပိတ်မှာပါဝင်ပေးဖို့ Rider တွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် Foodpanda Application ကို ဖျက်ပစ်ဖို့နဲ့ Application ကို Bad Review ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Foodpanda ကုမ္ပဏီနဲ့ လက်တွဲနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဇွန် ၆ ကစပြီး Application ကိုပိတ်ထားဖို့ မေတ္တာရပ်ခံထားပါတယ်။

ကုမ္ပဏီအနေနဲ့ အခြား Delivery ကုမ္ပဏီတွေလို အော်ဒါကြေးတွေကို တရားဝင်ထုတ်ပြန်ပေးဖို့လည်း Panda တို့ရဲ့ဖြစ်ရပ်မှန်များ ဆိုတဲ့ပေ့ခ်ျမှာ တောင်းဆိုထားပါတယ်။

Foodpanda ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားတင်ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

Foodpanda Rider များသည် ကုမ္ပဏီဘက်မှ လုပ်အားခများလျော့ချမှုကြုံရသောကြောင့် မတ်လ ၁၆ ရက်ကလည်း တောင်းဆိုချက် ၇ ချက်နှင့်အတူ အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့သည်။

News

"ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ Food Panda ကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုတာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိနိုင်ဖို့အတွက်လည်း မျော်လင့်ပါတယ် " ဟု Rider တစ်ဦးက ဆိုသည်။

News

အစားအသောက်များများကို အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးနေသည့် Food Panda လုပ်ငန်းတွင် ပို့ဆောင်ခ ထက်ဝက်ကျော်လျော့ချလိုက်ခြင်းကြောင့် မတ်လ ၁၆ရက်ကစ၍ ဝန်ထမ်းအများစုအလုပ်မှ ရပ်နားပြီး သပိတ်မှောက်တောင်းဆိုခဲ့သည်။