Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဘင်္ဂလားဒေ့ရှ်မှာ ဆိပ်ကမ်းမီးလောင်ပြီး ၁၆ ဦးထက်မနည်း သေဆုံး

မီးငြှိမ်းသတ်နေတုန်း နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ချိန်မှာလည်း ဒဏ်ရာရသူတွေ အများအပြား တိုးလာခဲ့ပါတယ်။ စာရင်း အတိအကျ ပြောဖို့ ခက်နေပေမယ့် မီးသတ်ဝန်ထမ်း ၄၀ လောက်နဲ့ ရဲဝန်ထမ်း ၁၀ ယောက်လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲဌာန အကြီးအကဲ အဘူလ်ကာလမ် အက်ဇာက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ၁၆ ဦးထက်မနည်း သေဆုံးပြီး ၁၇၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မေလ ၄ ရက် ညပိုင်းက စစ်တကောင်း မြို့နားမှာရှိတဲ့ ဆီတာကုန်ဒါ ဆိပ်ကမ်းမှာ ပြင်းထန်တဲ့ မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးလောင်မှုနဲ့အတူ ဆိပ်ကမ်း ဧရိယာထဲမှာ ပေါက်ကွဲသံတွေပါ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဆိပ်ကမ်းဟာ ကွန်တိန်နာတွေ အများအပြား သိုလှောင်ထားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ မီးသတ် ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ စစ်တကောင်း ဆရာဝန်များ အစည်းအရုံးရဲ့ အကြီးအကဲ အီလီရက်စ် ချောင်ဒူရီက ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးရွားလွန်းသူတွေ ပါဝင်နေတာကြောင့် အသေအပျောက် ပမာဏ မြင့်တက်လာနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

မီးငြှိမ်းသတ်နေတုန်း နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ချိန်မှာလည်း ဒဏ်ရာရသူတွေ အများအပြား တိုးလာခဲ့ပါတယ်။ စာရင်း အတိအကျ ပြောဖို့ ခက်နေပေမယ့် မီးသတ်ဝန်ထမ်း ၄၀ လောက်နဲ့ ရဲဝန်ထမ်း ၁၀ ယောက်လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲဌာန အကြီးအကဲ အဘူလ်ကာလမ် အက်ဇာက ပြောကြားခဲ့ပါတယ်။

နောက်တစ်နေ့ မနက်ပိုင်းထိ မီးလောင်ပြင်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ မီးတွေကို မီးသတ်တပ်ဖွဲ့က ထိန်းချုပ် ငြှိမ်းသတ်ဖို့ ကြိုးစားနေဆဲပါ။ မီးလောင်ရင်း ပေါက်ကွဲတဲ့ အရှိန်တွေက ပြင်းလွန်းတာကြောင့် ဆိပ်ကမ်းတဝိုက် နေအိမ်တွေက မှန်ပြတင်းပေါက်တွေပါ ကွဲကြေကုန်ပါတယ်။

ထိခိုက်ပျက်စီးမှု တန်ဖိုးကို တိတိကျကျ မပြောနိုင်သေးပေမယ့် ဆိပ်ကမ်းမှာ ရှိနေတဲ့ ကွန်တိန်နာ ထောင်ဂဏန်းလောက် မီးလောင်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။

သတင်း

တိုက်ပွဲကို ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူခဲ့ရာ စစ်ကောင် စီတပ်များအကျဆုံးများခဲ့ပြီး လွိုင်ကော်အမြောက်တပ်၊ ကယန်းသာယာဂိတ် ၊ လွိုင်လင်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရ ကြောင်း အသိပေးသည်။

သတင်း

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဗီဒီယို

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။