Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လေယာဉ်ငယ် တစ်စီး နှောင့်ယှက်လို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတဲ့ အမေရိကန် သမ္မတ

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ
အမေရိကန် သမ္မတ

လမ်းကြောင်းမှားပြီး ပျံသန်းလာတဲ့ လေယာဉ်ငယ် တစ်စီးကြောင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

သမ္မတ ဘိုင်ဒန်နဲ့ သမ္မတ ကတော် ဂျီလ်ဘိုင်ဒန်တို့ဟာ ဒယ်လာဝဲက ရီဟိုဘို့သ် ကမ်းခြေမှာ ရှိနေတဲ့ ကိုယ်ပိုင်နေအိမ်မှာ သွားရောက် အနားယူနေတဲ့အချိန် လေယာဉ်ငယ် တစ်စီးက ကန့်သတ် လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

သမ္မတရဲ့ ကိုယ်ရံတော် အထူးလုံခြုံရေး အေးဂျင့်တွေက သမ္မတ ဇနီးမောင်နှံကို ချက်ချင်း ခေါ်ထုတ်သွားပြီး သတ်မှတ် လုံခြုံရေး စံနှုန်းတွေနဲ့အညီ တိမ်းရှောင် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမေရိကန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တိုက်လေယာဉ်ကလည်း ချက်ချင်း ပျံတက်သွားပြီး လေယာဉ်ငယ်ကို ကန့်သတ် လေပိုင်နက်ထဲကနေ ထွက်ခွာသွားဖို့ သတိပေးပြီး နီးစပ်ရာ လေယာဉ်ကွင်းမှာ ဆင်းသက်စေခဲ့ပါတယ်။

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ သက်တော်စောင့် အဖွဲ့ကတော့ သူတို့ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ပြောခဲ့ပြီး ဘိုင်ဒန်အတွက် ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

ဗီဒီယို

ရဲတွေက တိုင်ကြားမှု ရရချင်း ၃ မိနစ်အတွင်း ဆေးရုံကို ရောက်အောင် သွားနိုင်ခဲ့တာကြောင့် အသေအပျောက်က ဒီထက် ပိုမများခဲ့တာလို့ ပြောပါတယ်။ ရဲတွေ ဆေးရုံကို ရောက်ရောက်ချင်း သေနတ်သမားဟာ အဆောက်အအုံ ဒုတိယထပ်ကနေ ဆီးကြို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို...

ဆောင်းပါး

တပ်မတော် အာဏာသိမ်းမှု စတင်ချိန် ကတည်းက ဘိုင်ဒန်ရဲ့ အစိုးရက ဒီအခြေအနေကို တွန်းလှန်ဖို့ အမေရိကန်ရဲ့ တာဝန် ဝတ္တရားအပေါ် အသိအမှတ်ပြုဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။