Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ခဲ့​သော သာဂရရွာ အကူအညီများလိုအပ်​နေ

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)
(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)

ခင်ဦးမြို့နယ်သာဂရကျေးရွာကိုစစ်ကောင်စီတပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် မိုးရာသီတွင်နေစရာမရှိတော့ဘဲဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က သာဂရကျေးရွာကို ဇွန် ၄ရက် နံနက်မှစ၍မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားပြီး ဒေသခံများသည် နေစရာမရှိတော့၍ ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။

“မိုးရွာထဲမှာ နေစရာမရှိ ဒုက္ခရောက်နေရပါတယ်။လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်”ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အကူအညီတောင်းထားသည်။

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

“မိုးကလည်း ရွာတယ်။အိမ်လည်းမရှိတော့ဘူးဗျ။တော်တော်ကိုစာနာစိတ်ကင်းမဲ့တဲ့ စစ်တပ်ပါဗျာ။မဲမဲမြင်ရာအကုန်မီးတိုက်တာ” ဟုထွက်ပြေးတိမ်းရှောင်နေရသည့်သာဂရရွာသားတစ်ဦးကပြောသည်။

နွေဦးတော်လှန်ရေးအတွက်လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍လက်ရှိကာလအထိခင်ဦးနယ်တွင်ကျေးရွာပေါင်း ၃ဝ ကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင်နေအိမ်ပေါင်း၁၃၀၀ကျော်ကိုအကြမ်းထက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေ ၃၀ရက်အထိ စာရင်းကိုထုတ်ပြန်ထားသည်။

ထိုအပြင်မေ ၃၀ ရက်နောက်ပိုင်းထပ်မံမီးရှို့ဖျက်ဆီးခံရသောရွာငါးရွာထက်မနည်းရှိနေကြောင်းဒေသခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။

သတင်း

မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။

သတင်း

KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ လူထုအပေါ် အတိ အလင်းထုတ်ပြန် ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

သတင်း

လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်းသံအမတ်ကြီးက ပြောသည်။