Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့ရှိခမရ(၄၂၈)တပ်ဂိတ်နှင့် မြို့မရဲစခန်းကိုကရင်နီ ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိ

ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။

(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)
(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်ဂိတ် နှင့် ဖရူဆိုမြို့မ ရဲစခန်းကို ယနေ့မနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)က ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၅ရက် မနက် ၁၀နာရီခန့်တွင် စတင်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို KNDF တပ်ရင်း(၄)၊ တပ်ရင်း(၈)၊ ကရင်နီတပ်မတော်(KA)၊ ဖရူဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု​ဖော်ပြသည်။

(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)
(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)

နာရီဝက်ခန့်ကြာသည့် တိုက်ပွဲအတွင်း ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်မှ ၁ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ပြီးခမရ (၄၂၈) ဂိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အထိနာသော်လည်း ထိ့ခိုက်သေဆုံးမှုရှိ၊မရှိအတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။

ဇွန်လ ၂ ရက်က ဖရူဆိုမြို့နယ်၊ထားလဲနှင့် နန်းဖဲ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေ ဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲတွင်ရန်သူ(၂)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရကာ ၊ လား(၂)ကောင်သေဆုံးခဲ့ပြီး KNLA/BPLAပူး​ပေါင်းတပ်ဖွဲ့ဝင်များဘက်မှထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း​လည်းဆက်လက်​ဖော်ပြထားသည်။

သတင်း

ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

သတင်း

ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။

ဗီဒီယို

မီးငြှိမ်းသတ်နေတုန်း နောက်ထပ် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ချိန်မှာလည်း ဒဏ်ရာရသူတွေ အများအပြား တိုးလာခဲ့ပါတယ်။ စာရင်း အတိအကျ ပြောဖို့ ခက်နေပေမယ့် မီးသတ်ဝန်ထမ်း ၄၀ လောက်နဲ့ ရဲဝန်ထမ်း ၁၀ ယောက်လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲဌာန အကြီးအကဲ အဘူလ်ကာလမ် အက်ဇာက...