Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ​ပေါင်း တစ်သန်း​ကျော်လာ

အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

UNOCHA
UNOCHA

UNOCHA ရဲ့စာရင်း​တွေအရ ၂၀၂၂ ​မေလ၃၁ ရက်အထိ့မြန်မာနိုင်ငံမှာစစ်အုပ်စု အာဏာသိမ်းမှု​​နောက်ဆက်တွဲတိုက်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေးရသူစုစု​ပေါင်း ပထမဆုံးအကြိမ် တစ်သန်းပြည်ပြီလို့ဆိုပါတယ်။ အာဏာမသိမ်းခင်ကတည်းက စစ်ပွဲ​တွေ​ကြောင့်ပြည်တွင်းမှာ ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ ၃၄၆၆၀၀ ဦးရှိပြီး​တော့ ၊စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း အာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲ​​တွေ​ကြောင့်ထွက်​​ပြေးတိမ်း​ရှောင်ရသူ ​ပေါင်း ၆၉၄၃၀၀ဦးရှိပြီလို့ဆိုပါတယ်။ စုစု​ပေါင်းအတိအကျ​ပြောမယ်ဆိုရင် ၁၀၄၀၉၀၀ ဦးရှိပြီလို့ UNOCHA ရဲ့စာရင်း​တွေကဆိုပါတယ်။

ဒါ​ပေမယ့် ကရင်နီ(ကယား)ပြည်နယ်မှာဆိုရင် စစ်​ဘေး​ရှောင်ပြည်သူ​​တွေကို ကူညီ​နေတဲ့အဖွဲ့အစည်း​တွေရဲ့စာရင်းအရ စစ်​ရှောင်ပြည်သူ နှစ်သိန်း​ကျော်ရှိ​ပေမယ့် UNOCHA စာရင်းမှာ ၉၁၇၀၀ ဦးသာရှိပါတယ်။ဒါ​ကြောင့် အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီလိုနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ တစ်သန်း ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးရသူဦးရေဟာ ၇ သိန်းနီးပါးပါဝင်ပါတယ်။ ကျန်တဲ့ ၃ သိန်းကတော့ အာဏာမသိမ်းခင်ကဖြစ်ပါတယ်။

News

မြန်မာမှာတော့ စစ်တပ်အာဏာပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ၆ သိန်းနီးပါးရှိလာတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ စုစုပေါင်း ၁ သန်းနီးပါးကပ်လာပါတယ်။

ဗီဒီယို

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

News

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။