Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီ၏ ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း တိုက်ခိုက်ခံရ၊ တပ်တွင်း အလန့်တကြား​အော်ဟစ်​ပြေးလွှား​နေဟုဆို

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း
ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်း

ရေစကြိုတွင် စစ်ကောင်စီ၏ ခလရ(၂၅၆)နှင့် ခလရ (၂၅၈)တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်(၅)ဖွဲ့က ညဘက်၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဝင်းအတွင်း ဆောက်တည်ရာမရ အလန့်တကြားအော်ဟစ်ပြေးလွှားနေသည့်အသံများဆူညံစွာကြားခဲ့ရကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တပ်ရင်းများအတွင်း၌ အိပ်မောကျနေကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆောက် တည်ရာမရ အလန့်တကြား အော်ဟစ်ပြေးလွှားနေခဲ့ကြသည့်အသံများ ဆူညံစွာထွက်ပေါ်လာခဲ့ပြီး ကျွန်ုပ်တို့ မဟာမိတ်တပ်များမှ လက်နက်ကြီးများဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်”ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က ယနေ့( ဇွန် ၈ရက်) ညနေတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

စစ်ကောင်စီက တပ်ရင်းအတွင်းမှနေ၍ ပြန်လည်ပစ်ခေတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိ၊မရှိ အသေး စိတ် စုံစမ်းနေဆဲဟု ဆိုသည်။

” ရေစကြိုနဲ့ မြိုင် PDFတွေ ပေါင်းတိုက်တာလို့ ကြားတယ်။ ကျွန်မတို့က ခလေး( PDF လူငယ်များ) တွေ ဘေးကင်းအောင်ညဆုတောင်းပေးနေတာ”ဟု မြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ တိုက်ခိုက်မှုအတွေ့အကြုံအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် မိခင်တပ်ရင်းများအတွင်း၌ပင် မလုံခြုံတော့ပဲ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အခြေနေများနှင့် နေ့ညမပြတ်ရင်ဆိုင်နေကြရပြီဖြစ်၍ တော်လှန်ရေးအရှိန်မြှင့်ကြရန် လူထုအားရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ် ရေးတပ်၊Northern Yesagyo (NYSO) ပြောက်ကျားတပ်၊Myaing Rural Guerilla Force၊ Steel Hawk (သံမဏိသိန်းငှက်)နှင့်PDF -Myaing Townshipတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ဇွန်လ ၈ရက် နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်နေ ဦးကျော်မြင့်၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် ရောက်ရှိလာပြီး အိမ်တံခါးကိုဖျက်ဆီးခဲ့သည်ဟု ဆို သည်။

သတင်း

မြစ်ကြီးနား - ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများ၊ စစ်ကြောင်းများ ဖြတ်သန်းသွားလာတိုင်း KIA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

သတင်း

ဖရူဆိုမြို့နယ်တွင်လည်း ဘောလခဲမှ ဖရူဆိုမြို့သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်အစီးရေ ၄၀ပါ ထောက်ပို့ယာဥ်တန်းကို ဇွန်လ၁ ရက်မှ ၃ ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လောကျေခူနှင့် မာခရော်ရှေးကျေးရွာတို့တွင် တိုက်ခိုက်ခဲ့သည်။