Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအကူ ဟိန်းမျိုးလတ် ရှင်းလင်းခံရ

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နေအိမ်သို့ပြန်လာသည့် ဟိန်းမျိုးလတ်အား ယနေ့ (ဇွန် ၁၀ ရက်) နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဓနဝတီလမ်း၌ သေနတ်ဖြင့် လေးချက်တိတိပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တောင်ဒဂုံမြို့
တောင်ဒဂုံမြို့

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၊ (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအကူ ဟိန်းမျိုးလတ်(ခ)တရုတ် အားရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Freedom From Fear Youths က ထုတ်ပြန် သည်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နေအိမ်သို့ပြန်လာသည့် ဟိန်းမျိုးလတ်အား ယနေ့ (ဇွန် ၁၀ ရက်) နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဓနဝတီလမ်း၌ သေနတ်ဖြင့် လေးချက်တိတိပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီရဲ့နောက်လိုက်လုပ်နေပီး ဆိုင်ကယ်ဖမ်းဆီးမှုတွေမှာလည်း နောက်လိုက်အဖြစ် ပါတယ်။ရုံးတွေပိတ်တုန်းကလည်းရုံးကိုစောင့်ပေးပြီး တော်လှန်ရေးရဲဘော်တွေအိမ်ကိုလည်းလက်ညိုးလိုက်ထိုးပြနေတယ်ဟု သိရှိရသောကြောင့်သုတ်သင်ရှင်းလင်းခဲ့တာပါ”ဟု Freedom From Fear Youths အဖွဲ့က ပြော သည်။

ယမန်နေ့ကလည်း သာကေတမြို့နယ် ၇/ အရှေ့ ရပ်ကွက်၊ အောင်သပြေလမ်းနှင့် ဓမ္မာရုံလမ်း ထောင့်တွင် ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အလားတူ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ်မှ စစ်ကောင်စီနောက်လိုက်နှစ်ဦးမှာလည်း ဇွန်လ ၉ ရက်တွင်သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ နောက်လိုက်များဖြစ်သည့် ရဲ၊စစ်သားနှင့် အုပ်ချုပ်ရေးမှူးများကို အမြစ်ပြတ်ရှင်းလင်းမည်ဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက မကြာသေးမီက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

သတင်း

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

News

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒလန်များ၊ထောက်တိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုမပြုလုပ်ရန် မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။

News

အထက်ပါတိုက်ခိုက်မှုကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၃၈၀၂)တပ်ခွဲ - ၄မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။