Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံတွင် စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ​​သေနတ်ဖြင့်အပစ်ခံရ

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

တောင်ဒဂုံ
တောင်ဒဂုံ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၆ ရပ်ကွက်ရှိစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးယနေ့(ဇွန်၉)နံနက်ပိုင်းက​သေနတ်ဖြင့် အပစ်ခံရကြောင်း ဒေသခံပြည်သူများကပြောသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ဒဂုံတောင်ပိုင်း ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင်စစ်​ကောင်စီသတင်း​ပေးဟုနာမည်ထွက်နေသော ရုံးစာရေးဆိုသူ ဦးမောင်မောင်အား အမည်မသိလက်နက်ကိုင်အချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒလန်နာမည်က မောင်မောင်လို့သိရပါတယ်ဗျ။မနက်၇ နာရီခွဲလောက်မှာဖြစ်တာ။ သေဆုံးနိုင်ခြေများတယ်”ဟု ဒေသတွင်းသတင်းရင်းမြစ် SDG က ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက ၁၀၆ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးသို့ လူကြီးလာမည်ဟူသော ကိစ္စဖြင့် ရုံး၌ လိုအပ်သည်များပြင်ဆင်ပြီးနောက် ရုံးဘေးလက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး ​ပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - People's Defense Organization - Mawlamyine က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။