Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင်စစ်​ကောင်စီယာဥ်တန်းကိုမိုင်းခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကားမှာ ဘယ်ဘက်တစ်ခြမ်းလုံး စုတ်ပြတ်သွား၍ ကားပေါ်ပါစစ်ကောင်စီတပ် ၆ ဦးလုံး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ၃ ဦးမှာ မျက်နှာများ စုတ်ပြတ်သွားကာ သေဆုံးနိုင်ခြေများကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မေလကုန်ပိုင်းက 27 Revolution Force အဖွဲ့ပါဝင်တိုက်ခိုက်ခဲ့သည့် ​မြောင်နယ်တိုက်ပွဲတစ်ခုမှ ပြည်သူရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မေလကုန်ပိုင်းက 27 Revolution Force အဖွဲ့ပါဝင်တိုက်ခိုက်ခဲ့သည့် ​မြောင်နယ်တိုက်ပွဲတစ်ခုမှ ပြည်သူရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသော ယာဥ်တစ်စီးအား ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၉ ရက်နေ့) နံနက် ၈း၂၀ ခန့်က မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာတွင် အခြေချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ ကားတစ်စီးသည် ကိုင်းကျေးရွာမှ မြင်းခြံမြို့သို့အသွား လမ်းတစ်နေရာတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကားမှာ ဘယ်ဘက်တစ်ခြမ်းလုံး စုတ်ပြတ်သွား၍ ကားပေါ်ပါစစ်ကောင်စီတပ် ၆ ဦးလုံး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ၃ ဦးမှာ မျက်နှာများ စုတ်ပြတ်သွားကာ သေဆုံးနိုင်ခြေများကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုအား မြင်းခြံခရိုင် တပ်ရင်း၁ 27 Revolution Force၊ Burmese Guerrilla Force-(BGF)၊ 11 Brothers Revolution Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Revolution Forceက အသိပေးသည်။

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်ရာတွင် အားကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

သတင်း

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

သတင်း

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။