Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ – ရေစကြိုလမ်းပိုင်းတွင် စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော ဟိုက်ဂျက်ယာဥ် မိုင်းထိ၊ နှစ်ဦးသေ ငါးဦးဒဏ်ရာရ

ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူ – ရေစကြိုလမ်းပေါ် စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော Hijet (အဖြူ)ကားတစ်စီးကို ကျီးကန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

Yesagyo PDF
Yesagyo PDF

ပခုက္ကူ – ရေစကြိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Yesagyo PDF က ယနေ့(ဇွန် ၁၁) ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူ – ရေစကြိုလမ်းပေါ် စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော Hijet (အဖြူ)ကားတစ်စီးကို ကျီးကန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

“ခုနစ်ကောင်ခန့်လိုက်ပါလာသော အဆိုပါအုပ်စုမှ နှစ်ကောင် ဘဝပြောင်းသွားပြီး ကျန်(၅) ကောင်မှာ ပြန်လည်တိုက်ခိုက်မှုပင်မလုပ်နိုင်တော့တဲ့ထိ အပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်”ဟု Yesagyo PDF က ပြောသည်။

အထက်ပါ တိုက်ခိုက်မှုအား မဟာမိတ်(၄)ဖွဲ့ဖြစ်သော Yesagyo PDF ၊ Northern Yesagyo (N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

သတင်း

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စီးလည်း ဒုတိယအကြိမ်ပျံသန်းချိန်တွင် ဆုံးရှုံးခဲ့ရကြောင်း Dragon Urban Guerrilla အဖွဲ့က အသိပေးသည်။