Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ NUG၊ NUCC တို့နှင့် အာဆီယံဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးထပ်မံတိုက်တွန်း

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး

အာဆီယံသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ NUG ၊ NUCC တို့နှင့် တွေ့ဆုံဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြောကြားသည်။

‘မြန်မာ့ရှေ့ရေးအဖြေရှာခြင်း’ ခေါင်းစဉ်ဖြင့် ကျင်းပသော IISS အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ၏ဘုံ ဆုံးဖြတ် ချက် ၅ရပ်တွင် နိုင်ငံရေးတွေ့ဆုံအဖြေရှာရေးနှင့်ပတ်သက်၍ တိကျသည့် ပါဝင်သင့် ပါဝင်ထိုက်သူများကို ဖော်ပြမထားသဖြင့် ယင်းသို့ ထည့်သွင်းရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

အာဆီယံသည် သင့်လျော်သောအချိန်ကာလအတွင်း အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အောင်မြင်မှုရရှိရေး ပြန်လည်ရေးဆွဲသည့်ဘုတ်အဖွဲ့ထံ ပြန်သွားရမည်ဖြစ်ပြီး လူသားချင်းစာနာမှု အထောက်အပံ့နှင့် ကာကွယ်ဆေးထိုးနှံရေးတို့ကို ထိပ်တန်းဦးစားပေးအနေဖြင့်ပါဝင်သော ပိုမိုတိကျသည့် လမ်းစဉ်ကိုချမှတ်အကောင်အထည်ရမည်ဖြစ်ကြောင်း Saifuddin Abdullahက ပြောသည်။

လူသားချင်းစာနာမှုနှင့် နယ်စပ်ဖြတ်ကျော်အကူအညီများကို နှောင့်နှေးကြန့်ကြာမှု၊ ခွဲခြားမှု မရှိဘဲပေးအပ်နိုင်ရမည်ဖြစ်ပြီး ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရမည်ဟု ၎င်းက ဆွေးနွေးသည်။

အထက်ပါဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက် (၂)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ် ၂၄၅၀၀၀၀ ကျပ် ပေးအပ်ခဲ့ပြီး ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သား တစ်ဦးကို ၂၁သိန်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

ဒီလို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းဟာ ဇွန် ၉ ရက်နေ့က ဒယ်ဂျွန်းမြို့ လဝကဌာနကိုသွားရောက်ပြီး မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာဝန်ခံအရာရှိနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း

ကုလလူ့အခွင့်အရေးကောင်စီတွင် ရုရှားကို ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံသည် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။