Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက် CDF တပ်စခန်း၌ နေရာဝင်ယူထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ် တိုက်ခိုက်

ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF)
(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF)

ပိတ်မိစစ်ကောင်စီတပ်ကို စစ်ကူပေးမည့် မြို့ပေါ်ရှိ စစ်ကြောင်းအား ပြောက်ကျားစစ်ဆင်နွှဲ

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ၏ တပ်ရင်း(၂) Vakok ကို ယမန်နေ့က သိမ်းပိုက်နေရာယူထားသည့် စစ်ကောင်စီတပ်ကို ယနေ့ မနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

ဇွန်လ ၁၁ရက် နံနက် ၇နာရီခန့်တွင် ကန်ပက်လက် CDF တပ်စခန်းနေရာကို နေရာယူထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ချဉ်းကပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး စခန်းအပြင် ထွက်လာ၍ ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ စခန်းအပြင်မထွက်လာတော့ဘဲ ကတုတ်ကျင်းများ တွင် သာ ပုန်းအောင်းနေရာ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအသုံးပြုပြီး ဗုံးသီးများပစ်ချ တိုက်ခိုက်ခြင်း၊ လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ကာ စစ်ကောင်စီတပ်များကို ပိတ်ဆို့နိုင်ခဲ့သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ကန်ပက်လက် CDFသည် ကန်ပက်လက် မြို့ပေါ်၌ မြို့တွင်း ပြောက်ကျားစစ် ဆင်နွှဲခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကန်ပက်လက် CDF တပ်စခန်းနေရာ၌ ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို စစ်ကူပေးရန် အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာရာ အဆိုပါ စစ်ကြောင်းကို နေ့လည်ပိုင်းမှစ၍ သုံးကြိမ် တိုင်တိုင် ပြောက်ကျားနည်းဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကူစစ်ကြောင်းသည် စစ်ကူမသွားတော့ဘဲ မြို့တွင်းသို့ ပြန်ဝင်သွားကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ကန်ပက်လက် CDF ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် ဇွန်လ ၉ရက်မှစ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း - ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။